Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ​၏ ကားတစ်စီးမီးရှို့ဖျက်ဆီးခဲ့ဟု တပ်ရင်း(၄) အသိပေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း – မလယ်လမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကာ ကားတစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၄)ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်​၏ Fawကားတစ်စီးကား တော်လှန်ရေးရဲဘော်များ သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကန့်ဘလူခရိုင် တပ်ရင်း ၄

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်း – မလယ်လမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကာ ကားတစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၄)ကထုတ်ပြန်သည်။

မတ်လ ၃ရက် နံနက် ၆နာရီခွဲခန့်တွင် ဇီးကုန်းကျေးရွာသကြားစက်မှ ဇီးကုန်း – မလယ်လမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါသည့် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်‌ သေဆုံးမှုများဖြင့် ဆုတ်ခွာသွားပြီး ၎င်းတို့၏ FAWကား တစ်စီးမီးရှို့ဖျက်ဆီးလိုက်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဇီးကုန်း- မလယ်လမ်းပိုင်းက ကန့်ဘလူမြို့အောက်ဘက်မှာ။ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါသဝနဲ့ စခ တွေ စစ်ထိုးခဲ့တဲ့ ပေကြီးရွာနဲက မဝေးဘူး”ဟု ဒေသခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပေကြီးကျေးရွာကို စစ်အုပ်စုက အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီး လူနေအိမ်များကို မီးရှိို့ကာ ဖေဖော်ဝါရီ ၂၃ ရက်တွင် ငှက်ပျောတိုင်းကျေးရွာက အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှင့်ပြည်သူ နှစ်ဦးအားသတ်ဖြတ်သွားခဲ့ကြောင်းသိရသည်။

မတ်လ ၃ရက်က တိုက်ပွဲဖြစ်စဥ်အပါအဝင် စစ်ကောင်စီတပ်​၏ ဒေသတွင်း စစ်ကြောင်းထိုးနေမှုကို ကန့်ဘလူခရိုင်တပ်ရင်း (၄)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊ တန့်ဆည် မြို့နယ်မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာ ၂၀ကျော်ကို သင်္ကန်းဝတ်ဝါသဝ ဦးဆောင်၍ ပြည်သူ့စစ်များကို အင်အားပြည့်ဖွဲ့စည်းထားပြီး စစ်ကောင်စီက လက်နက်တပ်ဆင် ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။