Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်မှာ ဆည်ရေမရလို့ တောင်သူတွေ စပါးမစိုက်နိုင်

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူတွေအားထားရတဲ့ ကျောက်မီးချောင်းမကြီးရဲ့ ရေပြွန်ပေါက်တွေကနေရေလွှတ်မပေးတဲ့အတွက် မိုးစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူတွေအားထားရတဲ့ ကျောက်မီးချောင်းမကြီးရဲ့ ရေပြွန်ပေါက်တွေကနေရေလွှတ်မပေးတဲ့အတွက် မိုးစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော် ဝါရီလလယ်က မိုးကြို စိုက်ပျိုးချိန်ဖြစ်ပေမယ့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ဆည်မြောင်းဦးစီးဌာနက ​ရေပြွန်ပေါက်တွေကို ရေဖွင့်မပေးလို့ အခက်ကြုံနေရပါတယ်။

“ဆည်တော်ကြီးကလွှတ်တဲ့ ကျောက်မီးချောင်းမကြီးထဲမှာ ရေကရှိတယ်၊ လယ်တွေထဲဝင်မယ့် မြောင်းတွေပိတ်ထားတော့ ရေမရလို့ စပါးစိုက်မရဖြစ်နေတာ” လို့ ငွေတောင်ကျေးရွာက တောင်သူ တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေမရတဲ့အတွက် မိုးကြိုစပါးအပြင် ရက်၁၀၀စပါးပါ မစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ရှင်တော်ကုန်း၊ကျောက်မီး၊ ငွေတောင်၊ သုံးအိမ်၊ မင်းကန်၊ လက်ကောင်း၊ လက်သစ်၊ ရေကြည်၊တောတွင်၊ရေကြည်၊တံတိုင်းရှည်၊ ကံကြီး၊ ရွာသစ်ကလေးစတဲ့ကျေးရွာတွေဟာ ကျောက်မီးချောင်းမကြီးကိုရောက်လာတဲ့ ဆည်ရေကိုမှီတည်စိုက်ပျိုးနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လပိုင်းကလည်း စပါးစိုက်ပျိုးချိန် ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေအခက်ကြုံခဲ့ရပါသေးတယ်။

ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရဲ့ ၂၀၁၈ခုနှစ် စာရင်းအရ မြို့နယ်အတွင်း လယ်မြေ ၂၇,၄၁၃ ဧက ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

သတင်း

စစ်​ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ​ပေါ်ဆန်း​​မွှေး (ရာသီအခါဘေးကြား)စပါးရိတ်သိမ်းပြီးချိန်မှာ အဝယ်ရှိပေမယ့် အထွက်နည်းသလို စျေးမကောင်းတာကြောင့် အရှုံးပေါ်နေတယ်လို့ ဒေသတောင်သူတွေကပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယဖက်က ဆည်ရေဖောက်ချမှုတွေကြောင့် ပါကစ္စတန်မှာ အခက်အခဲတွေကြုံပြီး လူတစ်သိန်းကျော်လောက် ပြောင်းရွှေ့ခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။