Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာ ဆည်ရေမရလို့ နွေစပါးမစိုက်နိုင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

ရေဦးမြို့နယ်အတွင်း ၂၀၂၃က စိုက်ပျိုးခဲ့သော နွေစပါးခင်းတစ်ခင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

မတ်-၁၄၊၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေမှာ ဆည်ရေမရလို့ ဒီနှစ် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံတောင်သူအချို့က ပြောပါတယ်။

ယခုစိုက်ပျိုးချိန်ဖြစ်တဲ့ နွေစပါးရာသီမှာ ရေဦးမြို့နယ်ကို ရေပေးနေတဲ့ ကန့်ဘလူမြို့နယ်က ကင်းတပ်ရေလွှဲတမံ၊ ကာဘိုးဆည်၊ သဖန်းဆိပ်ဆည်တို့က ရေပေးဝေမှု လျော့နည်းနေတာကြောင့် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ရေဦးမြို့နယ်ကျေးရွာတစ်ရွာမှ တောင်သူတစ်ဦးက ပြောပါတယ်။

“ဒီနှစ်ကလုံးဝမပေးတော့ဘူးတဲ့။ လက်တံထဲကို ရေရောက်မလာဘူး။ကာဘိုးဆည်ကလည်း ဆည်ရေမလုံလောက်လို့မပေးနိုင်ဘူး။ ကာဘိုးက တစ်ဝက်လောက်တော့လာတယ်။ ဒါပေမယ့် နွားရေ သုံးရေလောက်ပဲ စိုက်မရဘူး”လို့ တောင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အချို့က ရေသွင်းစိုက်ပျိုးကြပေမဲ့ ဒီဇယ်ဆီဈေးနှုန်း မြင့်တက်နေတာတွေကြောင့် ရေတင်စိုက်ပျိုးရတဲ့ တောင်သူတွေအတွက် ထုတ်လုပ်မှုစရိတ် အလွန်ကြီးမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေတင်စိုက်ရတယ်။ ဆီဖိုးတော့ ပိုကုန်တာပေါ့။ရေဝင်တောတွေရေမဝင်တာ နှစ်ချီနေပြီ။ ကာဘိုးဆယ်ကနေ လွှတ်တဲ့ရေ အထက်ကနေ ပိတ်ပြီး အရင်လို စည်းကမ်းမရှိတော့ဘဲ အပေါ်က ရေဖျတ်ယူနေကြတာ။ အောက်ဘက်လယ်တွေ ရေ မရောက်တော့တာ။”လို့ ရွှေဘိုခရိုင်အတွင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆည်တွေအနီးမှာလည်း မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရေပေးဝေရေးလုပ်ငန်းတွေမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာ ယခင်က နွေစပါးဧက သောင်းချီ စိုက်ပျိုးလေ့ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်မှာ ဆိုင်ကယ်စီးလာသူ အမျိုူသား ၂ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ၁ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ