Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်းတိုက်ပွဲစစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေ၊ အသက် ၇၀ကျော်CDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

အောက်တိုဘာ ၃၀ရက်ကလည်း မတူပီ- ပလက်၀ လမ်း တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို မတူပီ CDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

(တိုက်ပွဲတွင် ပြည်သူနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက်အသက်ပေးလှူတိုက်ပွဲဝင်သွားသောအသက်၇၃ နှစ်အရွယ် CDF တပ်ဖွဲ့ဝင်။ ဓါတ်ပုံ- The Chin Journal)

ချင်းပြည်နယ် မင်းတပ်- မတူပီ လမ်းတွင် ယနေ့ တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးခဲ့ပြီး
CDF ဘက်မှ အသက် ၇၃ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က သတင်းထုတ် ပြန်သည်။

မတူပီမှ ပြန်ဆင်းလာသည့် သံချပ်ကာကား ၂စီး အပါအဝင် စစ်ကား ၇၅စီးကို မင်းတပ် – မတူပီ လမ်းကြား တစ်နေရာတွင် နိုဝင်ဘာ ၃ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ CDFဘက်မှတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် CDF ရဲဘော်မှာ အသက် ၇၃နှစ်အရွယ်ရှိ ပညာရေးဝန်ထမ်း အငြိမ်းစား တစ်ဦးဖြစ်သည်ဟုဆိုသည်။ အာဇာနည်အဖိုးသည် တော်လှန်ရေးအတွက်လိုအပ်သော ခဲ၊ယမ်းများကိုလည်း ကြိုးစားလုပ်‌ဆောင်ပေးနေခဲ့သူ အားကိုးရသော ရဲဘော်ကြီးဖြစ်သည်ဟု မင်းတပ်-CDF ကထုတ်ပြန်ထားသည်။

” အသက် ၇၃ နှစ်အဖိုးကြီးတောင် တိုက်ပွဲဝင်အသက်ပေးပြီးအာဏာရှင်ကို တော်လှန်နေတဲ့ချိန်မှာ မိမိတို့ပြည်သူအားလုံးတော်လှန်ရေးသွေးမအေးကြဖို့ လိုအပ်ပါပြီ။ မြန်မာပြည်သူတိုင်း မိမိတတ်နိင်တဲ့ဘက်ကနေ တော်လှန်ရေးအတွက်မဖြစ်မနေ ပါဝင်နေပေးကြပါလို့။တို့ပြည်သူတွေ ညီနေရင်ဒီစစ်အာဏာရှင်တွေ မကြာပါဘူး” ဟုမင်းတပ်-
CDFကတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၃၀ရက်ကလည်း မတူပီ- ပလက်၀ လမ်း တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို မတူပီ CDFက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook