Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့ခံလူငယ်တစ်ဦးအား စစ်ကောင်စီ၏ရဲများ ဖမ်းဆီးသတ်ဖြတ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လမ်းသွားလမ်းလာလူငယ်တစ်ဦးအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး မိသားစုအား ရုပ်အလောင်းလာထုတ်ခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

မိထက်/People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် လမ်းသွားလမ်းလာလူငယ်တစ်ဦးအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး မိသားစုအား ရုပ်အလောင်းလာထုတ်ခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက်မှ လူငယ်တစ်ဦးအား မတ်လ ၂ရက် ညပိုင်းတွင် မြို့တွင်းတံတားစစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးပစ်ခတ်ခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” နယ်ထိန်းဒုရဲအုပ်ကောင်းထက်လင်းက ဦးဆောင်ဖမ်းတာ။ ညဦးပိုင်း တံတားကိုဖြတ်တော့ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီးတော့ ပစ်ဖမ်းတာ။ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။ သေသွားတော့ အလောင်းလာထုတ်ခိုင်းတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့သည် ဟင်္သာတခရိုင်အတွင်းပါဝင်ပြီး ရခိုင်ရိုးမနှင့်ဆက်စပ်နေသည်။ အနီးပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် ရေကြည်နှင့် ငါးသိုင်း‌ချောင်းမြို့၌ စစ်ရေးတင်မာနေစဉ် စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များဖြင့် စစ်ဆေးမှုတင်းကြပ်နေသည်။ ယခုဖြစ်သည် အရပ်သားလူငယ်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုအတွက် အရေးယူခြင်းမရှိဘဲ မြို့ခံများနှင့်မိသားစုဝင်များကို ခြိမ်းခြောက်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ကလည်း ရေကြည်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် အရပ်သားသုံးဦးအနက် တစ်ဦးသည် ရဲစခန်း၌ ရိုက်နှက်စစ်ဆေးခံရပြီးသေဆုံးခဲ့သည်။ နောက်ထပ်တစ်ဦးကို ရခိုင်ရိုးမအတွင်းခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ကျန်တစ်ဦးမှာလည်း ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့နှင့် ရခိုင်ရိုးမ ဆက်စပ်ဒေသများတွင် အာရက္ခတပ်တော်(AA)ပူး‌ပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။