Connect with us

Hi, what are you looking for?

သတင်း

မြဝတီကျားဖြန့်ဂိုဏ်းတွေက လူကုန်ကူးခံရတဲ့ တရုတ် ၄၅၀ကျော်ကို နေရပ်ပြန်ပို့

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဆီကနေ ခေါ်ထုတ်လာတဲ့ နောက်ထပ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို ဒီကနေ့မှာ နေရပ် ပြန်ပို့လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဆီကနေ ခေါ်ထုတ်လာတဲ့ နောက်ထပ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို ဒီကနေ့မှာ နေရပ် ပြန်ပို့လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာ စင်းလုံးငှား လေယာဉ် ခရီးစဉ် ၆ ခုနဲ့အတူ တရုတ်နိုင်ငံသား ၄၅၆ ယောက်ကို ပြန်လည် ပို့ဆောင်ခဲ့တဲ့နောက် အပတ်စဉ် နိုင်ငံခြားသား ကျားဖြန့်ဝန်ထမ်း ၁၅၀၀ လောက်ကို အခုလို ပြန်ပို့ဆောင်ဖို့ စီစဉ်ထားကြောင်းပါ ထိုင်းက ကြေညာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ထိုင်းဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေထဲကနေ ခေါ်ထုတ်လာတဲ့ တရုတ်နိုင်ငံသား ၆၀၀ ဝန်းကျင်ကို နေရပ် ပြန်ပို့ခဲ့ပါသေးတယ်။

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို ထိုင်း-တရုတ်-မြန်မာ သုံးပွင့်ဆိုင် ပူးပေါင်းပြီး တိုက်ဖျက်မှုတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ အင်တိုက်အားတိုက် အရှိန်မြှင့်တင်လာခဲ့ပါတယ်။ အဲဒီနောက် မြန်မာပိုင် မြဝတီ မြို့နယ်ထဲမှာ တရုတ် အများစု အပါအဝင် နိုင်ငံပေါင်း ၂၄ ခုက နိုင်ငံခြားသား ကျားဖြန့်ဝန်ထမ်းဟောင်း ၇,၀၀၀ လောက် ပိတ်မိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၆ ရက်နေ့မှာတော့ တရုတ်နိုင်ငံသားတွေကို ဘတ်စ်ကားတွေနဲ့ နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်လာပြီး မဲဆောက် လေဆိပ်မှာရှိတဲ့ လေယာဉ်တွေပေါ် ပြောင်းရွှေ့ပေးနေပုံ ဗီဒီယိုတွေကို ထိုင်းမီဒီယာတွေက ထုတ်ပြန် ပြသခဲ့ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်က တရုတ် ၄၅၆ ယောက်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြောခဲ့ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာကလည်း တရုတ်နိုင်ငံသားတွေ နောက်တစ်သုတ်ကို မတ်လ ၆ ရက်နေ့မှာ ပြန်ပို့ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက်ကိုတော့ နစ်ခွန်ဒက်ဂျ်က ထုတ်ပြောမသွားခဲ့ပါဘူး။

ထိုင်းဟာ အပတ်စဉ် တနင်္လာကနေ သောကြာနေ့ထိ တရုတ်တွေ အပါအဝင် ကျားဖြန့် ဝန်ထမ်းဟောင်းတွေကို နေ့စဉ် ပျမ်းမျှ ၃၀၀ လောက်စီ၊ တစ်နည်းအားဖြင့် တစ်ပတ်ကို ၁၅၀၀ လောက်စီ နေရပ်ပြန်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သုံးရက်ဆက်ပြန်ပို့ပေးမှာဖြစ်ပြီး စုစုပေါင်း တရုတ်နိုင်ငံသား ၁၄၀၀ကျော် ပြန်ပို့ပေးမယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF)က ပြောပါတယ်။

ကျားဖြန့် ဝန်ထမ်း အများအပြားဟာ အွန်လိုင်းပေါ်ကနေ အလုပ်ကိစ္စ မက်လုံးပေးမှု၊ အချစ်ရေးနဲ့ ဖျားယောင်းမှုစတဲ့ နည်းလမ်းတွေနဲ့ သိမ်းသွင်းပြီး လူမှောင်ခိုကူး ခံခဲ့ရတဲ့နောက် အဲဒီ ရာဇဝတ်မှု လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ ငြင်းဆိုရင်လည်း ရိုက်နှက်တာ၊ ညှင်းပန်းနှိပ်စက်တာတွေ ကြုံရလေ့ ရှိတယ်လို့ ကျားဖြန့် ဝန်ထမ်းတွေက ထွက်ဆိုထားကြပါတယ်။

နစ်ခွန်ဒက်ဂျ်က မြဝတီမှာ လောလောဆယ် ရှိနေတဲ့ ကျားဖြန့် ဝန်ထမ်းဟောင်းတွေထဲမှာ နာမကျန်း ဖြစ်နေသူတွေလည်း ပါဝင်နေပြီး သူတို့ကို ထိုင်းဖက် အမြန်ဆုံး ရွှေ့ပြောင်းဖို့ လိုတယ်လို့လည်း မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook