Connect with us

Hi, what are you looking for?

News

ကျပ်သိန်း၂၀၀ထက်ပို​သော ​ရောင်းဝယ်မှုနှင့် ဝန်​ဆောင်မှုများ ဘဏ်စနစ်ဖြင့် ​ငွေ​ပေး​ချေရမည်ဟု စစ်​ကောင်စီ ၏ ဗဟိုဘဏ်ဆိုပြန်

ငွေပေးချေမှုစနစ် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန် အခြေပစ္စည်း(အိမ်၊ခြံ၊မြေ)နှင့် ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၂၀၀ထက် မပိုစေရဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။

ကျပ်သိန်း ၂၀၀ ထက်ပိုသော အရောင်း၊အဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှ ဘဏ်စနစ်ဖြင့်သာ ငွေပေး၊ငွေချေပြုလုပ်ရမည်ဟု အာဏာသိမ်းစစ်​ကောင်စီ၏ လက်​​အောက်ခံ ဗဟိုဘဏ်က ယနေ့(နိုဝင်ဘာ ၃)အမိန့်ကြော်ငြာစာထုတ်ပြန်သည်။

ငွေပေးချေမှုစနစ် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန် အခြေပစ္စည်း(အိမ်၊ခြံ၊မြေ)နှင့် ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၂၀၀ထက် မပိုစေရဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။

“ဘဏ်တွေမှာပါ သူတို့က ထိန်းချုပ်ပြီးသားဖြစ်နေတဲ့အတွက် ထပ်ဆင့်ထက်ပြီး ထိန်းချုပ်တဲ့သဘောဖြစ်နေတယ်။Digital Money သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာ ဒီလိုလုပ်တယ်ဆိုတာ အကျိုးသက်​ရောက်မှု တော်တော်ကြီးနိုင်တယ်။အဓိကတော့ ပမာဏ ရာနဲ့ချီတဲ့ ငွေကြေးစီးဆင်းမှုတွေကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောပဲ”ဟု စီးပွားရးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကျပ်သိန်း ၂၀၀ထက် ပိုသည့် ငွေပေးချေမှုများကို ဘဏ်စနစ်အသုံးပြု၍ ဒီဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများဖြစ်သော မိုဘိုင်ဘဏ်လုပ်ငန်း၊အင်တာနက်ဘဏ်လုပ်ငန်း၊ဘဏ်ကဒ်များဖြင့် ငွေပေးချေခြင်း၊ချက်လက်မှတ် အိမ့်လွှာဖြင့် ပေးချေခြင်း၊စာရင်းပြောင်းပေးခြင်းနှင့် ငွေသားဖြင့် ဘဏ်သို့ ငွေသွင်းပြီးကြောင်းစာရွက်စာတမ်းအထောက်အထားများ ပြရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုပျက် ကွက်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook