Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျပ်သိန်း၂၀၀ထက်ပို​သော ​ရောင်းဝယ်မှုနှင့် ဝန်​ဆောင်မှုများ ဘဏ်စနစ်ဖြင့် ​ငွေ​ပေး​ချေရမည်ဟု စစ်​ကောင်စီ ၏ ဗဟိုဘဏ်ဆိုပြန်

ငွေပေးချေမှုစနစ် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန် အခြေပစ္စည်း(အိမ်၊ခြံ၊မြေ)နှင့် ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၂၀၀ထက် မပိုစေရဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။

ကျပ်သိန်း ၂၀၀ ထက်ပိုသော အရောင်း၊အဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှ ဘဏ်စနစ်ဖြင့်သာ ငွေပေး၊ငွေချေပြုလုပ်ရမည်ဟု အာဏာသိမ်းစစ်​ကောင်စီ၏ လက်​​အောက်ခံ ဗဟိုဘဏ်က ယနေ့(နိုဝင်ဘာ ၃)အမိန့်ကြော်ငြာစာထုတ်ပြန်သည်။

ငွေပေးချေမှုစနစ် ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန် အခြေပစ္စည်း(အိမ်၊ခြံ၊မြေ)နှင့် ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်း၊လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုကို ကျပ်သိန်း ၂၀၀ထက် မပိုစေရဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဆိုသည်။

“ဘဏ်တွေမှာပါ သူတို့က ထိန်းချုပ်ပြီးသားဖြစ်နေတဲ့အတွက် ထပ်ဆင့်ထက်ပြီး ထိန်းချုပ်တဲ့သဘောဖြစ်နေတယ်။Digital Money သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာ ဒီလိုလုပ်တယ်ဆိုတာ အကျိုးသက်​ရောက်မှု တော်တော်ကြီးနိုင်တယ်။အဓိကတော့ ပမာဏ ရာနဲ့ချီတဲ့ ငွေကြေးစီးဆင်းမှုတွေကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောပဲ”ဟု စီးပွားရးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကျပ်သိန်း ၂၀၀ထက် ပိုသည့် ငွေပေးချေမှုများကို ဘဏ်စနစ်အသုံးပြု၍ ဒီဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများဖြစ်သော မိုဘိုင်ဘဏ်လုပ်ငန်း၊အင်တာနက်ဘဏ်လုပ်ငန်း၊ဘဏ်ကဒ်များဖြင့် ငွေပေးချေခြင်း၊ချက်လက်မှတ် အိမ့်လွှာဖြင့် ပေးချေခြင်း၊စာရင်းပြောင်းပေးခြင်းနှင့် ငွေသားဖြင့် ဘဏ်သို့ ငွေသွင်းပြီးကြောင်းစာရွက်စာတမ်းအထောက်အထားများ ပြရမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုပျက် ကွက်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။