Connect with us

Hi, what are you looking for?

သတင်း

ICC က ဝရမ်းထုတ်ထားသည့်မင်းအောင်လှိုင်နှင့် ပူတင်ရုပ်ပုံကပ်ပြီး ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ရုပ်ပုံများအား ရန်ကုန်မြို့၏နေရာအနှံ့အပြား၌ လိုက်လံကပ်သည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B )က ယနေ့(မတ်လ ၉ရက်) အသိပေးသည်။

သတိုး/People’s Spring

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ရုပ်ပုံများအား ရန်ကုန်မြို့၏နေရာအနှံ့အပြား၌ လိုက်လံကပ်သည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B )က ယနေ့(မတ်လ ၉ရက်) အသိပေးသည်။

“အကြမ်းဖက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့နေရာ အနှံ့အပြား၌ စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်နှင့်ပူတင်တို့၏ ဓာတ်ပုံများပေါ်တွင် “WANTED” စာသားများရိုက်နှိပ်၍ ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ကြောင်းစာသားပါသည့် စာရွက်များကို ‌ရန်ကုန်မြို့နေရာအများအပြား၌ ကပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B ) တွင် LinnYaungNiYouth Organization_LYNYO၊ MayangoneDemocraticFront_MDF၊ Kyimyindaing Networks_KMD18 နှင့်OwlCommunity တို့ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။