နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှ ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့၏ ရုပ်ပုံများအား ရန်ကုန်မြို့၏နေရာအနှံ့အပြား၌ လိုက်လံကပ်သည့်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B )က ယနေ့(မတ်လ ၉ရက်) အသိပေးသည်။
“အကြမ်းဖက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ခြင်းနှင့် အကြမ်းဖက်စစ်တပ်အား ကြိုဆိုလက်ခံသော ရုရှားသမ္မတပူတင်တို့၏ ဖမ်းဝရမ်းပုံများနှင့် ယူကရိန်းနှင့်အတူ မြန်မာပြည်သူများမှအတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့နေရာ အနှံ့အပြား၌ စာရွက်များလိုက်လံကပ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်နှင့်ပူတင်တို့၏ ဓာတ်ပုံများပေါ်တွင် “WANTED” စာသားများရိုက်နှိပ်၍ ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ကြောင်းစာသားပါသည့် စာရွက်များကို ရန်ကုန်မြို့နေရာအများအပြား၌ ကပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ – Yangon 4 brother ( Y4B ) တွင် LinnYaungNiYouth Organization_LYNYO၊ MayangoneDemocraticFront_MDF၊ Kyimyindaing Networks_KMD18 နှင့်OwlCommunity တို့ ပါဝင်သည်။
