ဒီနေ့(နိုဝင်ဘာ၄ရက်)ကျရောက်တဲ့ ဒီပါ၀လီနေ့မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး လုံခြုံငြိမ်းချမ်းမှုများနဲ့ အနာဂတ်အတွက် ကောင်းမြတ်တဲ့မျှော်လင့်ချက်များပြန်လည်ရှင်သန်နိုးထလာနိုင်ပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဆုမွန်ကောင်းတောင်းပါတယ်။
ဒီပါဝလီအခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ဆင်နွဲနေကြတဲ့ နယ်မြေအသီးသီးမှပြည်သူများအားလုံးအောင်မြင်မှုများရရှိပါစေလို့လည်းဖော်ပြထားပါတယ်။
ပြည်ထောင်စုဖွား ဟိန္ဒူဘာသာဝင်များအားလုံးလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများ ရရှိကာ ဘေးကင်းရန်ကွာလုံခြုံသာယာပြီး အဆိုးအညံ့များပျောက်၍ အကောင်းအမြတ်များရရှိခံစားနိုင်ပါစေလို့ NUG က ဆုမွန်ကောင်းတောင်းထားပါတယ်။


















































