Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှေ့တန်း စစ်မြေပြင်ကို ပူတင် ရုတ်တရက် သွားရောက်ပြီး ရုရှားစစ်သားတွေနဲ့ တွေ့ဆုံ

ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်အဖြစ် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ရှေ့တန်း တစ်နေရာကို ရုတ်တရက် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်အဖြစ် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ရှေ့တန်း တစ်နေရာကို ရုတ်တရက် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား ပိုင်နက်ထဲမှာ ယူကရိန်းတပ်တွေ ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကာ့စ်ခ်ဒေသရဲ့ ရှေ့တန်း တစ်နေရာကို မတ်လ ၁၂ ရက်နေ့မှာ ပူတင် ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။ ပူတင်ရဲ့ ရှေ့တန်းရောက် ခရီးစဉ်ဟာ ရုရှားနဲ့ ယူကရိန်းရဲ့ စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ ကနဦး ခြေလှမ်းအဖြစ် ရက် ၃၀ ကြာ အပစ်ရပ် သဘောတူညီရေး အမေရိကန်ရဲ့ ကြားဝင် ကမ်းလှမ်းမှုကို ရုရှားဖက်က စဉ်းစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ယူကရိန်း အစိုးရက အမေရိကန် ဦးဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကို လက်ခံမယ်လို့ ပြောကြားခဲ့တဲ့နောက် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနဲ့ ဆွေးနွေးမှုတွေကို အာရုံစိုက်နေပါတယ်။

ကာ့စ်ခ်က ရှေ့တန်း စစ်စခန်း တစ်နေရာမှာတော့ ပူတင်ဟာ စစ်ယူနီဖောင်းကို ဝတ်ထားတာ တွေ့ရပါတယ်။ ပူတင်က ကာ့စ်ခ်မှာ တိုက်ပွဲဝင်နေတဲ့ ရုရှားစစ်သားတွေနဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ ရည်မှန်းချက်က ကာ့စ်ခ်ဒေသ တစ်ခုလုံး ရန်သူ့ တိုက်ခိုက်မှုကနေ အပြီးတိုင် ကင်းလွတ်နိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောမှာတော့ ကာ့စ်ခ်မှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကပါ ကူညီ တိုက်ခိုက်နေခြင်းနဲ့အတူ ရုရှားဖက်က သိသိသာသာ စစ်ရေး အသာစီး ရနေပြီး ယူကရိန်း က ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ အနည်းအကျဉ်းလောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ပူတင်ရဲ့ ခရီးစဉ်ဟာ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ စစ်သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ ရည်ရွယ်ဟန် ရှိပါတယ်။

ယူကရိန်းဟာ အနာဂတ်မှာ ရုရှားနဲ့ ညှိနှိုင်းရတဲ့ အခြေအနေတွေ ကြုံလာရင် လက်ဆုပ်လက်ကိုင် ရှိစေဖို့အတွက် ကာ့စ်ခ်ဒေသထဲကို ၂၀၂၄ ဩဂုတ်လမှာ ထိုးစစ်ဆင် ဝင်ရောက်ပြီး ရုရှားနယ်မြေတွေကို သိမ်းယူထားပေမယ့် အခုတော့ ရုရှားရဲ့ အင်အား အလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ကြောင့် လက်ဆုပ်လက်ကိုင် ရုရှားနယ်မြေ အားလုံးနီးပါးကို ဆုံးရှုံးထားရပြီးပါပြီ။

ရုရှား စစ်တပ်က ကာ့စ်ခ်ဒေသမှာ ယူကရိန်းဆီ လက်လွှတ်ခဲ့ရတဲ့ နယ်မြေ အားလုံးရဲ့ ၈၆ ရာခိုင်နှုန်းကို ယူကရိန်းက ပြန်လည် သိမ်းယူထားပြီး ဖြစ်သလို ကျန်တဲ့ နယ်မြေတွေမှာလည်း ယူကရိန်း တပ်တွေကို ဝန်းရံ ပိတ်ဆို့ထားတယ်လို့ ကြေညာခဲ့ပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားတပ်တွေရဲ့ ဖိအားပေးမှုကြောင့် ကာ့စ်ခ်မှာ ထိန်းချုပ်ထားတဲ့ မြို့ရွာ တချို့ကနေ ဆုတ်ခွာပေးခဲ့ရတယ် ဆိုတာကို ဝန်ခံထားပါတယ်။

မတ်လ ၁၂ ရက်နေ့မှာတော့ ယူကရိန်း စစ်တပ် အကြီးအကဲ အိုလက်ဆန္ဒာ ဆာ့စကီးက ယူကရိန်း စစ်သားတွေရဲ့ အသက်ကို အလေးပေး ငဲ့ကွက်ပြီး နောက်ထပ် မဟာဗျူဟာမြောက် ဆုတ်ခွာမှုတွေကို ရွေးချယ်သွားဖွယ် ရှိနေကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook