Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ် ဂွေးပင်လေးရွာကို စစ်တပ် ဝင်စီးပြီး နေအိမ်တွေ မီးရှို့ကာ သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွား

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြော​ပါတယ်။

မီးရှို့ဖျက်ဆီးခံရသော နေအိမ်အချို့။ ဓာတ်ပုံ-CJ

မင်းညို/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြော​ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မကွေးတိုင်း၊ ချောက်မြို့နယ် ဂွေးပင်ကျေးရွာအုပ်စု၊ ဂွေးပင်လေးကျေးရွာကို အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၇ဦးကို ဖမ်းဆီးကာ ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကနေ ကျပ်သိန်း ၄၅၀ ကျော်ဖိုးလောက်တန်တဲ့ ရွှေထည်ရတနာပစ္စည်းတွေ၊ ငွေကြေးတွေကို သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရသော နေအိမ်အချို့။ ဓာတ်ပုံ-CJ

ဒါ့အပြင် ဖမ်းဆီးခဲ့တဲ့ ပြည်သူ ၇ဦးကို လူသားဒိုင်းလုပ်ပြီး ဂွေးပင်လေးကျေးရွာက နေအိမ်တွေကို ၆၀မမ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ပါ ဗုံးကြဲချခဲ့တယ်လို့ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ-၂ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမရှိဘဲ ဒီတိုင်းဝင်လုပ်သွားတာ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဟာ ကျေးရွာအတွင်းက နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူတွေကိုတော့ ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေကို လူသားဒိုင်းခေါ်ဆောင်လာလို့ တိုက်ခိုက်မှု မပြုလုပ်လိုက်ရဘူးလို့ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ-၂ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဂွေးပင်လေးကျေးရွာမှာ အိမ်ခြေ ၂၁၇ လုံးရှိပြီး လူဦးရေ ၁၀၅၀ ဦး နေထိုင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၃နှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၃,၁၀၄ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီကနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဇွန် -၂၂၊ ၂၀၂၆။ ထားမြတ်၊မိုမို/People’s Spring မကွေးတိုင်း၊ ချောက်မြို့နယ်လမ်းပိုင်း တနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေပင်စခန်းမှူးလိုက်ပါလာတဲ့ကား တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ်...

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။