Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်ကို ဘေဂျင်းမှာ ရှီကျင့်ဖျင် တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - Bangladesh PM's Office/Facebook

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက ဘေဂျင်းရဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ ရှီက ရာမန်ကို လက်ခံ တွေ့ဆုံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲ့ အာဏာရ အမျိုးသားပါတီ (BNP)က ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ရာမန်ဟာ အစောပိုင်းတုန်းကလည်း အဲဒီခန်းမဆောင်မှာပဲ တရုတ် အမျိုးသား ပြည်သူ့ညီလာခံရဲ့ ဥက္ကဋ္ဌ ချောင်လိကျီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

ရာမန်ဟာ သူ့ရဲ့ ဝန်ကြီးချုပ်ဘဝ ပထမဆုံး ပြည်ပခရီးစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဘေဂျင်းကို ရောက်ရှိခဲ့ချိန်မှာတော့ ရာမန်ဟာ ရှီနဲ့ ချောင်တို့အပြင် တရုတ်ဝန်ကြီးချုပ် လီကျန်းနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ရာမန်ကို တရုတ်နိုင်ငံဆီ လာရောက်လည်ပတ်ဖို့ လီက ဖိတ်ကြားခဲ့တာပါ။

ဖေဖော်ဝါရီ လလယ်မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ ရာမန်ဟာ ဇွန်လ ၂၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ပြီး အဲဒီကနေတဆင့် ဇွန်လ ၂၂ ရက်နေ့ ညပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေး ဖိုရမ် အစည်းအဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံရဲ့ ဒါလီယန်မြို့ဆီ ရောက်ရှိခဲ့ပါတယ်။ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာတော့ သူဟာ ဇွန်လ ၂၄ ရက်နေ့တုန်းက ဘေဂျင်းကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် အတောအတွင်း ရာမန်ဟာ ပြည်တွင်း အခြေခံ အဆောက်အအုံ ပရောဂျက်တွေမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ဒါဇင်ကျော်လောက်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ လက်ထက်တုန်းက အိမ်နီးချင်း အိန္ဒိယ နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူထုအုံကြွမှုကြောင့် ရာထူးကနေ ပြုတ်ကျသွားတဲ့ ဟာဆီနာကို အိန္ဒိယက ခိုလှုံခွင့် ပေးထားခဲ့တဲ့နောက် လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အိန္ဒိယကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာသလို အိန္ဒိယရဲ့ ပြိုင်ဘက် တရုတ်နဲ့ ပိုပြီး နီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိလာခဲ့ပါတယ်။

ကိုးကား: New Age

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

Facebook