Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးတွင် စစ်ကောင်စီ​၏ လက်ခတ်တောင် စခန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်) နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၃ ရက်(ယနေ့)နံနက်က စစ်ကောင်စီ၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအပြည့်အစုံအား မသိရသေးပေ။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကနေ လက်ခတ်တောင်တာဝါတိုင်ကို ၀င်တိုက်ခဲ့တယ်။ အဲဒီမှာ ၁၀ နာရီလောက်ကျတော့ မြိတ်ကလေယာဉ်တက်လာပြီး ဗုံးလာကြဲသွားတယ်”ဟု ၎င်းသတင်းရင်းမြစ်က ​ဆက်ပြောသည်။

လက်ခတ်တောင်တာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၈ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးစသည့်သုံးနေရာကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးကြောင်း တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။