Connect with us

Hi, what are you looking for?

သတင်း

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံကလေးငယ်နှစ်ဦးကို သေဆုံးလျှက် တွေ့ရှိ

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကလေးငယ်နှစ်ဦးပျောက်ဆုံးစဥ်က လူပျောက်ကြော်ငြာကို တွေ့ရစဥ်

ရှိန်း/People’s Spring

ပျောက်ဆုံးနေတဲ့ မန္တလေးမြို့ခံ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ကျူးလွန်သူတွေကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မတ်လ ၂ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ညီအကိုဝမ်းကွဲတော်စပ်တဲ့ အသက် ၁၀နှစ်အရွယ် မောင်ပြည့်စုံကျော်နဲ့ အသက် ၁၃နှစ်အရွယ် မောင်အောင်ခန့်ဦးတို့ကို သူတို့နဲ့ပေါင်းသင်းနေသူ လူငယ်တစုက သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် သီတင်းတပတ်ကျော်အကြာ မတ်လ ၁၀ရက်မှာတော့ စဉ့်ကိုင်မြို့နယ်က ကျေးရွာတခုရဲ့ တောင်ပေါ်မှာ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ပြီး ရုပ်တွေမပီပြင်တော့ဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကလေးတစ်ယောက်ဆို ခေါင်းတောင်ပါမလာဘူး။ ဖုန်းလိုချင်လို့သတ်တယ်လို့လည်း ပြောတယ်။ အခုထိတော့ အကြောင်းအရင်းကို သေချာမသိသေးဘူး”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ကလေးငယ်နှစ်ဦးရဲ့ အလောင်းတွေကို မန္တလေးဆေးရုံကြီးမှာ သွားရောက်ကြည့်ရှုခဲ့ရတာလို့ သိရပါတယ်။

ကလေးငယ်နှစ်ဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ သံသယတရားခံ လူငယ် ၄ဦးကို စစ်ကောင်စီ ရဲတွေကဖမ်းဆီးထားတယ်လို့လည်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။