Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့သစ်မှာ စစ်တပ်ခန့်ဝန်ကြီးချုပ်အမိန့်နဲ့ လမ်းဘေးဆိုင်တွေကိုရဲနဲ့စည်ပင်ကဖယ်ရှားနေ

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လမ်းဘေးဆိုင်တွေဖယ်ရှားဖို့ အစည်းအဝေးမှာ ညွှန်ကြားခဲ့တဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမျိုးအောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

သြဂုတ်-၂၉၊၂၀၂၅။မေရီ/People’s Spring

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်ပိုင်းလမ်းတွေပေါ်မှာလမ်းဘေးဆိုင်တွေကိုစစ်ကောင်စီတပ်လက်အောက်ခံ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက အင်အားအများအပြားနဲ့ လိုက်လံဖယ်ရှားနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောတယ်။

“ဆိုင်ရှေ့ခင်းထားတာတွေလည်း အကုန်ဖယ်ပေးဖျက်ပေးရမယ်ပြောတယ်။ ဒီလကုန်နောက်ဆုံးတဲ့”လို့ ချမ်းမြသာစည်မြို့က ဆိုင်ရှင်အမျိုးသမီးတဦးက ပြောပါတယ်။အခုလို လမ်းဘေးဆိုင်တွေဖယ်ရှားနေတာဟာစစ်ကောင်စီခန့်ဝန်ကြီးချုပ်ရဲ့အမိန့်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆိုင်တွေပြိုကျတာတွေကြောင့် ဆိုင်ခန်းစျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကြောင်း၊ အဲဒီအခြေအနေမှာ အခုလိုဆိုင်ရှေ့ခင်းကျင်းထားတာတွေ ဖယ်ပေးရတာ၊ ဆိုင်တွေ ဖျက်ပေးရတာတွေကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

“သူတို့(စစ်ကောင်စီဝန်ထမ်းတွေ)ငွေရပေါက်ပဲပြန်ဖြစ်မှာပါ။ မကြာပါဘူး။”လို့ မန္တလေးမြို့သစ်နေ အမျိုးသားတဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် အဆောက်အဦးထောင်ချီပျက်စီးခဲ့ပါတယ်။ စျေးဆိုင်၊အရောင်းဆိုင်တွေလည်း ပြိုကျပျက်စီးခဲ့ပြီး ၅ လကျော်တဲ့အထိပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးသလို ၊စစ်​ကောင်စီက​ပေးတဲ့အကူအညီ​မရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook