Connect with us

Hi, what are you looking for?

သတင်း

အညာဒေသစခန်းသိမ်းတိုက်ပွဲအတွင်း ရေဦး PDFမှ ရဲဘော်သုံးဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ စစ်ဆင်ရေးတစ်ခုအတွင်း ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။

ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော်သုံးဦး​၏ နာရေးအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - ရေဦး PDF

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၌ စစ်ဆင်ရေးတစ်ခုအတွင်း ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။

ရဲဘော် ဟစ်တလာ၊ရဲဘော် ကတုံးနှင့် ရဲဘော်ပိုလာတို့ မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFက ယနေ့(မတ်လ ၁၅ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ ရဲဘော်သုံးဦးသည် တိုက်ရည်ခိုက်ရည် ၊ အမိန့်နာခံမှုကောင်းသော ရဲဘော်များ ဖြစ်သည့်အတွက် လွန်စွာဝမ်းနည်းနှမြောတသဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေး‌ဒေသကို အသေးစိတ်ကိုဖော်ပြမထားသော်လည်း အဆိုပါရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ​၏ စခန်းချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့ကျဆုံးမှုအတွက် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြေကွဲရပြီး စစ် အာဏာရှင် စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး၊ မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် ဆထက်ထပိုး ထမ်းဆောင်သွားမည်ဟု ထုတ်ပြန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။