Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သင်္ဘောတွေကို ဟိုသီတွေ ပစ်မှတ်ထားနေသ၍ စစ်ဆင်ရေးကို မရပ်ဘူးလို့ အမေရိကန် သတိပေး

ပင်လယ်နီ ရေလမ်းကြောင်းကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်မချင်း အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေမယ်လို့ အမေရိကန် အစိုးရက သတိပေးသွားခဲ့ပါတယ်။

ပင်လယ်နီ ရေလမ်းကြောင်းကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်မချင်း အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေမယ်လို့ အမေရိကန် အစိုးရက သတိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန်စစ်တပ်ဟာ ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ဒါ့အပြင် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစုအပေါ် လာမယ့် ရက်ပိုင်းတွေအတွင်း အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုတွေ အရှိန်ပိုမြင့်လာနိုင်သေးတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မတ်လ ၁၅ နဲ့ ၁၆ နှစ်ရက်ဆက်တိုက် အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေ အပါအဝင် ၅၃ ဦး သေဆုံးခဲ့တယ်လို့ ဟိုသီတွေရဲ့ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒီစစ်ဆင်ရေးတွေဟာ ဇန်နဝါရီလမှာ အမေရိကန် သမ္မတ ရာထူးကို ထရမ့်က ဒုတိယ သက်တမ်း စတင်တာဝန်ယူပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုလည်း ဖြစ်လာပါတယ်။

ဟိုသီခေါင်းဆောင် အက်ဘ်ဒူလ် မာလစ်ခ် အယ်လ်ဟိုသီက ယီမင်ပိုင်နက်ထဲမှာ အမေရိကန်က တိုက်ခိုက်မှုတွေ မရပ်သေးသ၍ သူ့တပ်ဖွဲ့တွေကလည်း ပင်လယ်နီမှာရှိတဲ့ အမေရိကန် စစ်ဘက်၊ အရပ်ဖက် သင်္ဘောတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ မတ်လ ၁၆ ရက်နေ့မှာ ကြုံးဝါးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ရန်လိုလေလေ၊ ပဋိပက္ခကို အရှိန်မြှင့်လေလေ ဖြစ်လာလိမ့်မယ်လို့ သူက ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်း ပြောခဲ့ပါတယ်။

ဟိုသီတွေဟာ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ကြား ၂၀၂၃ နှစ်ကုန်ပိုင်းက စစ်ပွဲစတင် ဖြစ်ပွားခဲ့တဲ့နောက် ယီမင်ကမ်းလွန်မှာ ဖြတ်သန်းသွားတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံ တချို့ရဲ့ ကုန်တင်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ စတင် တိုက်ခိုက်ခဲ့သလို တချို့ သင်္ဘောတွေကို တပ်ဖွဲ့တွေ စေလွှတ်ပြီး စီးနင်းတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်ဟာ အစ္စရေးကို အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတွေကို တုံ့ပြန်တာ ဖြစ်တယ်လို့ ဟိုသီတွေက ပြောပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ စစ်သုံးဒရုန်း တချို့ကိုလည်း ဟိုသီတွေက ပစ်ချခဲ့ဖူးပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဟိုသီတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့နောက် အီရန် အစိုးရကိုလည်း ဟိုသီတွေဖက်က ကြားဝင် ကူညီတာမျိုးကနေ လက်ရှောင်ဖို့ သတိပေးထားခဲ့ပါတယ်။

ဟိုသီတွေရဲ့ နိုင်ငံရေး ဗျူရိုက အမေရိကန် တိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုလို့ စွပ်စွဲထားပြီး ရုရှား အစိုးရကတော့ လက်ရှိ စစ်ဆင်ရေး လုပ်ဆောင်နေမှုတွေကို ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းထားပါတယ်။

မတ်လ ၁၆ ရက်နေ့တုန်းက ဟိုသီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပင်လယ်နီမှာရှိတဲ့ အမေရိကန်ရဲ့ USS Harry S Truman လေယာဉ်တင် သင်္ဘောနဲ့ အခြံအရံ စစ်သင်္ဘောတွေကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး လက်တုံ့ပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် စစ်တပ်ကတော့ တိုက်လေယာဉ်တွေဟာ ဟိုသီဒရုန်း ၁၁ စီးကို ကြားဖြတ် ပစ်ချခဲ့ပြီး တစ်စီးမှ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်နား မရောက်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ ဟိုသီတွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် တစ်စင်းရဲ့ လမ်းကြောင်းကိုလည်း စောင့်ကြည့်ခဲ့ပေမယ့် ဦးတည်ပျံသန်းမှုက အမေရိကန် ရေတပ်အတွက် ခြိမ်းခြောက်မှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ ဟိုသီတွေက အမေရိကန် သင်္ဘောတွေကို ပစ်ခတ်မှုတွေ ရပ်တန့်သွားတဲ့ ပထဆုံး မိနစ်ကစလို့ ဟိုသီ ရေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်စခန်းတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုကလည်း ရပ်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်ကျရင် အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှုလည်း အဆုံးသတ်သွားမှာ ဖြစ်ကြောင်း၊ အဲဒီမတိုင်ခင် အထိတော့ သည်းသည်းမည်းမည်း ဆက်ပြီး တိုက်ခိုက်နေဦးမှာဖြစ်ကြောင်း ဟက်ဂ်ဆက်သ်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။