Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာ

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

ယနေ့(မတ်လ ၂၅ ရက်) နံနက်က ပြင်ပရွှေ အရောင်းအဝယ်၌ ၁၆ ပဲရည် အဖွင့်စျေးတန်းမှာ အဝယ် ကျပ် ၆၉သိန်း နှစ်သောင်းနှင့် အရောင်း ကျပ်၆၈သိန်း ငါးသောင်းရှိနေသည်ဟု ဆိုသည်။

မတ်လ ဒုတိယပတ်ကစ၍ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်ကာ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၆၅ သိန်းဝန်းကျင်မှ လက်ရှိစျေးတန်းသို့ မြင့်တက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

“ရွှေဈေးတန်းက သက်ြန်မတိုင်ခင်မှာဘဲ အမြင့်ဆုံးဈေးတန်းတခုလို ဖြစ်နေပြီ။WG(ကမ္ဘာ့ရွှေစျေး) က တစ်နှစ်တာဝန်းကျင်ရဲ့ အမြင့်ဆုံးအနေအထား ရှိနေဆဲပဲ။ပြည်တွင်းရွှေစျေးကလည်း ၇၀ကျော်ဖို့ အားယူ နေတယ်ပြောရမယ်။ဒါပေမယ့် အခုတက်နေတာက ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ သိပ်မဆိုင်ဘဲ ကမ္ဘာရွှေစျေးကြောင့် ပဲပြောရမယ်ဆိုရင် အဝယ်၊အရောင်း မမှားဖို့လိုနေတယ်”ဟု ပြည်တွင်းရွှေအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။

ပြည်တွင်း ရွှေစျေးစံချိန်တင်မြင့်တက်မှုသည် ၂၀၂၄ သြဂုတ်က ဖြစ်ပြီး ၁၆ ပဲရည် တစ်ကျပ်သား ကျပ်သိန်း ခုနစ်ဆယ်နှင့် နှစ်သောင်းရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယနေ့ (မတ်လ ၂၅ ရက်) ညနေပိုင်း ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၃,၀၂၁ ဒေါ်လာရှိကာ တစ်လ အတွင်း တစ်အောင်စ ၆၃ ဒေါ်လာ တိုးလာခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအနေအထားအရ ကမ္ဘာ့ရွှေစျေးတန်းဟာ ဒေါ်လာ ၃၀၀၀စျေးတန်းနဲ့ ဒေါ်လာ ၃၀၅၅ စျေးတန်းကြားမှာ ရှိနေဦးမယ်”ဟု ကမ္ဘာ့ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေစျေး အတက်၊အကျသည် နိုင်ငံတကာအခင်းအကျင်းများပေါ်တွင်မူတည်ပြီး ယခုစံချိန်တင်စျေးတန်းပေါ်လာခြင်းသည် အမေရိကန်-ရုရှား အရေးနှင့် အမေရိကန်၊တရုတ် နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား အခွန်စည်းကြပ်မှု အားပြိုင်မှုကြောင့်ဟု နိုင်ငံတကာစီးပွားရေးသတင်း များတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ ပဲရည်တစ်ကျပ်သား သီးခြားသတ်မှတ်စျေးသည်လည်း နှစ်ပတ်အတွင်း ၅,၄၈၀ ,၀၀၀ကျပ်မှ ယနေ့ ၅,၆၁၀, ၀၀၀ကျပ် တက်လာခဲ့သည်။

သို့သော် အဆိုပါစျေးဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း ဆိုင်အများစုမှာ အရောင်း အဝယ်မပြုလုပ်ပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။