Connect with us

Hi, what are you looking for?

သတင်း

နတ်​ရေကန်စခန်းတိုက်ပွဲတွင် AA က စစ်တပ်ဒရုန်း ၂ စင်းကို ပစ်ချ

ရခိုင်ပြည််နယ် နှင့် မကွေးတိုင်းချိတ်ဆက်ထားသည့် အမ်း-ပဒါန်းလမ်းမှ နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်းတိုက်ပွဲကို ပစ်ကူရန်လာသည့် စစ်ကောင်စီ၏ ဒရုန်းနှစ်စင်းကို အာရက္ခတပ်တော်(AA)က မတ် ၂၅ရက်တိုက်ပွဲတွင်ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

အမ်းမြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲဝင်​​နေ​သောAA တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-AA Info Desk

မတ်-၂၆၊၂၀၂၅။မိထက်/People’s Spring

ရခိုင်ပြည််နယ် နှင့် မကွေးတိုင်းချိတ်ဆက်ထားသည့် အမ်း-ပဒါန်းလမ်းမှ နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်းတိုက်ပွဲကို ပစ်ကူရန်လာသည့် စစ်ကောင်စီ၏ ဒရုန်းနှစ်စင်းကို အာရက္ခတပ်တော်(AA)က မတ် ၂၅ရက်တိုက်ပွဲတွင်ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“စကစရဲ့ ဒရုန်းနှစ်စင်းကို AA ကပဲ ပစ်ချတာပါဗျ”ဟု အမ်း-ပဒါန်းလမ်းပိုင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်မှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပေးသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာတပ်စခန်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများအား ကာကွယ်ရန် အခိုင်အမာတပ်စွဲထားသည့် နတ်ရေကန်ဗျူဟာစခန်းကုန်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီအစပိုင်းမှစ၍ မဟာမိတ်တပ်များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါစခန်း၏ ကာကင်းများစွာကိုလည်း AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး ထွက်​ပြေးစစ်သားများကိုလည်း CDF-အရှိုတပ်က ဖမ်းဆီးထားသည်။ သို့​သော စစ်​ကောင်စီတပ်သည် မ​ကွေးတိုင်း နှင့် ရခိုင်ပြည်နယ်ကြားဗျူဟာ​မြောက်လှသည့် စခန်းမကျ​စေရန် စစ်ကူများထပ်ကာ ထပ်ကာပို့၍ ခုခံ​နေသည်။

နတ်ရေကန်ဗျူဟာစခန်းကုန်းကိုမတိုက်ခိုက်မီ ဖေဖော်ဝါရီလက ငဖဲမြို့နယ်အတွင်းရှိ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲများ ပြင်းထန်စွာဖြစ်ခဲ့စဉ်က အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်၊ယာယီနည်း ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနှင့် ပူးပေါင်းတပ်များက ဖမ်းဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ငဖဲမြို့နှင့်ဆက်စပ်နေသော အထက်မင်းလှမြို့မှ စစ်လက်နက်ပစ္စည်းစက်ရုံများကို အင်အားတိုးချထားပြီး လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အထက်မင်းလှမြို့တွင် ကပစ(၂)၊ကပစ(၁၀)၊ကပစ(၁၃တို့ရှိနေသပြီးဒေသတွင်း၌ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက တိုက်ပွဲများဖြစ်ခဲ့သည်။

အမ်း-ပဒါန်းလမ်းတလျှောက်အပြင်ပုသိမ် -မုံရွာ လမ်းတွင်လည်း စစ်ရေးတင်းမာနေ၍ ဒေသခံများ စစ်ရေးသတိပြုကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook