Connect with us

Hi, what are you looking for?

သတင်း

ဟိုတယ်အောင်ပန်းပြိုကျမှု ပိတ်မိသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်

အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။

အောင်ပန်းမြို့နယ်၏ လမ်းမကြီးဘေးရှိ ခြောက်ထပ်အမြင့်ရှိ ဟိုတယ်အောင်ပန်းသည် အလုံးစုံပြိုကျခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် တည်းခိုသူ ၂၀ထက်မနည်းပိတ်မိနေကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ ကနဦး ယူဆထားရသည်။

“ငလျင်လှုပ်တာ။ငလျင် တအားကြမ်းတယ်။ဟိုတယ်အောင်ပန်း ပြိုသွားတာ။ဒီထဲမှာ လူတွေအများကြီး ပိတ်မိနေတယ်။ရသလောက်ကယ်ရမယ်”ဟု အောင်ပန်းမြို့လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ရုပ်သံဖိုင်မှတ်တမ်းရိုက်ကူး၍ ယနေ့(မတ်လ ၂၈ရက်) နေ့လည် ၂ နာရီခန့်တွင် လူမှုကွန်ယက်၌ ဖြန့်ဝေထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မီးသတ်ဌာနမှ မော်တော်ယာဥ်သုံးစီးရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။

“ပြိုကျတဲ့အချိန် ဟိုတယ်ထဲကလူတွေ မထွက်နိုင်ဘူး ပြောတယ်။အခုတော့ မီးသတ်က လူတွေ စပြီး ရှာဖွနေကြပါပြီ”ဟု ပြိုကျသွားသည့် ဟိုတယ်အောင်ပန်းအနီးဝန်းကျင် ရောက်ရှိနေသူတစ်ဦးက ပြောသည်။

ငလျင်သည် ရစ်ချ်တာစကေး ၇ဒဿမ ၇အဆင့်ဖြင့် ယနေ့(မတ်လ ၂၈ရက်) နံနက် ၁၂နာရီ ၅၀မိနစ်တွင် ပထမအကြိမ်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်အချို့ဆက်လှုပ်ခဲ့သည်။

အင်အားအလွန်ပြင်းထန်သောငလျင်ဖြစ်၍ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်ကြောင်းပညာရှင်အချို့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ရှားမသွားခင် တစ်ပတ်လောက် အလိုမှာ တရုတ် ငလျင်ပညာရှင် အဖွဲ့တစ်ခုဟာ ဒေသတွင်းမှာ အဲဒီလို ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေကို ကြိုတင် သတိပေး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အမေရိကန် အနေနဲ့ ဘာမှ ထိထိရောက်ရောက် အကူအညီ ပေးနိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယား နာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်မ်ဂိုအွန်းဟာ မြန်မာနိုင်ငံက ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တောင်ကိုရီးယားဝမ် သန်း ၅၀ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။