Connect with us

Hi, what are you looking for?

သတင်း

တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေမှာ ငလျင်ကြီး လှုပ်ခတ်နိုင်ခြေကို တရုတ် ပညာရှင်အဖွဲ့တစ်ခု ကြိုသတိပေးခဲ့

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ရှားမသွားခင် တစ်ပတ်လောက် အလိုမှာ တရုတ် ငလျင်ပညာရှင် အဖွဲ့တစ်ခုဟာ ဒေသတွင်းမှာ အဲဒီလို ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေကို ကြိုတင် သတိပေး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

A pagoda is damaged during a strong earthquake in Mandalay, Myanmar, March 29, 2025. REUTERS/Stringer

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ရှားမသွားခင် တစ်ပတ်လောက် အလိုမှာ တရုတ် ငလျင်ပညာရှင် အဖွဲ့တစ်ခုဟာ ဒေသတွင်းမှာ အဲဒီလို ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေကို ကြိုတင် သတိပေး ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ (တရုတ်က ၇.၉ လို့ သတ်မှတ်) ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၅၀၀ ဝန်းကျင်လောက်ထိ ရှိလာသလို တိုက်တာ အဆောက်အအုံ အများအပြားလည်း ပြိုကျ ပျက်စီးခဲ့ပါတယ်။

ဘေဂျင်း ငလျင်အေဂျင်စီရဲ့ အကြီးတန်း အင်ဂျင်နီယာ ဇူဟောင်ပင် ဦးဆောင်တဲ့ သုတေသီ အဖွဲ့ဟာ ကမ္ဘာတလွှားက ငလျင် လှုပ်ခတ်မှုဆိုင်ရာ အတက်အကျ အခြေအနေတွေကို ဆန်းစစ် လေ့လာခဲ့ပြီး တရုတ်နဲ့ အနီးတဝိုက် ဒေသတွေမှာ ငလျင်ကြီးတွေ လှုပ်ခတ်လာနိုင်ခြေကို မတ်လ ၂၀ ရက်နေ့က Geodesy and Geodynamics ဂျာနယ်မှာ သတိပေး ဖော်ပြထားခဲ့ပါတယ်။ အဲဒီ ဂျာနယ်ကို ဘေဂျင်း ငလျင် စီမံကွပ်ကဲရေး ဌာနက ထုတ်ဝေတာ ဖြစ်ပါတယ်။

သုတေသနပြု လေ့လာမှုရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘာ့လည်ပတ်မှုနဲ့ ငလျင်တွေရဲ့ လှုပ်ရှားမှုကြား အဆက်အစပ်တွေ ရှိနိုင်သလား ဆိုတာကို ဆန်းစစ် လေ့လာဖို့ ဖြစ်ပါတယ်။ အဲဒီ ရှုထောင့်ဟာ ပညာရှင်တွေ ကြားမှာလည်း အငြင်းပွားမှုတွေ ဖြစ်ပေါ်စေပါတယ်။ တချို့ကတော့ ငလျင်တွေ လှုပ်ခတ်မှုကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာ့ကျောက်လွှာ လှုပ်ရှားမှု ဖြစ်စဉ်တွေဟာ အခုဆိုရင် အန္တရာယ် ပိုကြီးတဲ့ အဆင့်တစ်ခုဆီ ချဉ်းနင်း ဝင်ရောက်လာနေသလား ဆိုတာမျိုး မေးခွန်းထုတ်မှုတွေလည်း ရှိလာနေပါတယ်။

Public Service Announcement

Public Service Announcement

ဇူနဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်အတွင်း ကမ္ဘာ့မြေလွှာမှာ လှုပ်ရှားနေခဲ့တဲ့ ကျောက်လွှာ အရွေ့တွေနဲ့ နောက်ဆက်တွဲ ငလျင်တွေရဲ့ အချက်အလက်တွေကို စုစည်းလေ့လာခဲ့ပါတယ်။ ၁၈၇၉ နှစ်ကနေ မျက်မှောက်ခေတ်ထိ ငလျင်လှုပ်ခတ်မှုဆိုင်ရာ မှတ်တမ်းတွေကို လေ့လာပြီးတဲ့နောက် ဇူနဲ့ အဖွဲ့ဟာ တရုတ်နဲ့ အနီးတဝိုက် ဒေသတွေမှာ မဂ္ဂနီကျု ၈ အဆင့် ဝန်းကျင်လောက်ထိ ပြင်းထန်တဲ့ အကြီးစား ငလျင်တွေ လှုပ်ခတ်နိုင်ခြေ သာမန်ထက် ပိုများတယ်လို့ ယုံကြည်ရတဲ့ ကာလအပိုင်းအခြား ၆ ခုကို စာရင်း ပြုစုခဲ့ပါတယ်။

ကမ္ဘာ့ လည်ပတ်မှု မြန်နှုန်းအပေါ် မူတည်ပြီး သေးငယ်တဲ့ အပြောင်းအလဲလေးတွေက နေ့တစ်နေ့ရဲ့ ရှည်ကြာမှုအပေါ် ဘယ်လို သက်ရောက်စေသလဲ ဆိုတဲ့ ရှုထောင့်ကနေ အဲဒီ ကာလ အပိုင်းအခြားတွေကို ဆန်းစစ်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက အဲဒီလို အပြောင်းအလဲတွေဟာ ကမ္ဘာ့ ကျောက်လွှာကြီးတွေရဲ့ အောက်က ဖိအား စုစည်းမှု သွင်ပြင် လက္ခဏာတွေမှာပါ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုမျိုး ကိန်းအောင်း စွမ်းအင်အဖြစ် စုစည်းထားတဲ့ ဖိအားတွေက ကမ္ဘာ့ မြေမျက်နှာပြင်ပေါ် ပွင့်အန်ထွက်လာတဲ့အခါ ဖျက်အားပြင်း ငလျင်ကြီးတွေ လှုပ်ခတ်တတ်ပါတယ်။

ဧပြီ လဆန်းတုန်းကလည်း ဖိလစ်ပိုင်ရဲ့ ငလျင်တိုင်းတာရေး အေဂျင်စီက မြန်မာနိုင်ငံမှာ ကြုံခဲ့တဲ့ ဖျက်အားပြင်း ငလျင်မျိုး ဖိလစ်ပိုင် ကမ်းလွန်မှာသာ လှုပ်ခတ်ရင် ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် လူပေါင်း ၅၀၀၀၀ ကျော်လောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ပြင်းအား မဂ္ဂနီကျု ၇.၂ အဆင့်ရှိ ငလျင်မျိုးက မနီလာ မြို့လယ် ဧရိယာကို ဦးတည်ခဲ့မယ် ဆိုရင် မြို့ရဲ့ အဆောက်အအုံ အားလုံးထဲက ၁၂ ကနေ ၁၃ ရာခိုင်နှုန်းလောက် ဗုံးဗုံးလဲ ပြိုကျသွားနိုင်တယ်လို့လည်း အေဂျင်စီက သတိပေးထားခဲ့ပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံရဲ့ လူနေနည်းပါးပြီး ဝေလံခေါင်သီတဲ့ ကျွန်းလေးတစ်ခုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ငလျင်ပေါင်း ၉၀၀ ကျော် လှုပ်ခတ်တဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

သတင်း

မန္တလေးမြို့မှာဒီနေ့မနက်ပိုင်းကအင်အားအနည်းငယ်ရှိတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားပြီး မြို့သူမြို့သားတွေ ထိတ်လန့်ခဲ့ကြပါတယ်။