Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် ကူညီရေး အာဆီယံရဲ့ လုပ်ဆောင်မှုတွေကို ဦးဆောင်သွားမယ်လို့ မလေးရှားပြော

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာနိုင်ငံအတွက် ပေးပို့မယ့် ငလျင်ဘေးသင့် အကူအညီ ကဏ္ဍတွေကို မလေးရှား အစိုးရက ဦးဆောင် စုစည်းပေးသွားမယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ မလေးရှားဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးအပြီး မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အကူအညီ အမျိုးအစားတွေကို သေချာ ဆန်းစစ် လေ့လာပြီး အဖွဲ့ဝင် နိုင်ငံတွေနဲ့ ညှိနှိုင်း စုစည်းပေးသွားမယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး ဒါတက်ခ် ဆာရီ မိုဟာမက် ခါလက်ဒ် နော်ဒင်းက ပြောပါတယ်။

နောက်ပြီး မြန်မာဖက်က လိုအပ်တဲ့ အကူအညီ တောင်းခံမှုတွေကိုလည်း သူ့ရဲ့ ဝန်ကြီးဌာနက သတင်းအချက်အလက်တွေ ရရှိထားပြီး ဖြစ်တယ်လို့ နော်ဒင်းက ပြောပါတယ်။

အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ အာဆီယံကိုယ်စား လူသားချင်းစာနာမှု အကူအညီတွေ မြန်မာနိုင်ငံကို ပေးပို့မယ့် လုပ်ငန်းစဉ်မှာ ဦးဆောင် စည်းရုံးသွားမှာဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဒါတက်ခ် ဆာရီ မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ချိန်မှာ မြန်မာဖက်က လိုအပ်ချက်တွေကို တင်ပြ အကူအညီ တောင်းခံခဲ့ကြောင်း နော်ဒင်းက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဖက်က အကူအညီ တောင်းခံမှုတွေထဲမှာ ကွင်းဆင်းကုသမှုတွေအတွက် မြေပြင်ဆေးရုံတစ်ခု ယာယီဖွင့်လှစ်နိုင်ရေးလည်း ပါရှိပါတယ်။ မလေးရှား အစိုးရ အနေနဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးတဲ့အခါ အဲဒီ လိုအပ်ချက်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ဆုံးဖြတ်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နှစ်ရက်အကြာမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာအတွက် ဒေါ်လာ ၂.၃ သန်းဖိုး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ အဖွဲ့ဝင် ၅၀ ပါတဲ့ ကယ်ဆယ်ရေး အဖွဲ့ကိုလည်း မလေးရှားက စေလွှတ်ပေးခဲ့ပါတယ်။

ဧပြီ ၇ ရက်နေ့မှာတော့ ကယ်ဆယ်ရေး ဝန်ထမ်း ၁၃ ဦး ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ရိက္ခာတွေ၊ စောင်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ စုစုပေါင်း ၈ တန်ကျော်လောက် တင်ဆောင်လာတဲ့ မလေးရှား လေယာဉ် တစ်စီးဟာလည်း နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: The Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။