Connect with us

Hi, what are you looking for?

News

ကနေဒီတောင်ခြေတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား နှစ်ဦးသေဟုဆို

ယနေ့(နိုဝင်ဘာ ၅ ရက်) ညနေ ၃နာရီခွဲတွင် နှစ်ဖက်ထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဖြစ်သည့် CDF KKG (CDM Siyin) နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကနေဒီတောင် တစ်နေရာကို တွေ့ရစဥ်)

ချင်းပြည်နယ်မြောက်ပိုင်း ကနေဒီတောင်ခြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တိုကြား ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ပြည်သူ့ဘက်တော်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၅ ရက်) ညနေ ၃နာရီခွဲတွင် နှစ်ဖက်ထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဖြစ်သည့် CDF KKG (CDM Siyin) နှင့် PDF Zolandတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရကာ ထွက်ပြေးသွားသည်ဟု ဒေသကာကွယ်ရေးတပ်များက ဆိုသည်။ ထို့အပြင် သေနတ်နှစ်လက်သိမ်းဆည်းရမိပြီး ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ကနေဒီတောင်ထိပ်တွင် စစ်စခန်းဖွင့်လှစ်ထားပြီး ထိုစခန်းမှ အကြမ်းဖက်စစ်သားလေးဦးဆင်းလာစဉ် ဒေသခံကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကလေး- ချင်းတောင်လမ်းမများတွင် စစ်စခန်းများဖွင့်လှစ်ပြီး ဒေသခံများထံမှ ငွေကြေးကောက်ခံမှုများ၊ ပစ္စည်းလုယက်မှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

CDF KKG (CDM Siyin) ဒေသကာကွယ်ရေးတပ်သည် တီးတိန်မြို့နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်အစပ်ရှိ စီးယင်းလူမျိုးကို အခြေပြုဖွဲ့စည်းထားသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ PDF Zolandသည် တီးတိန်မြို့နယ် ကလေးမြို့နယ်နှင့် တွန်းဇံမြို့နယ်များရှိ ဇိုလူမျိူးများကို အခြေပြုဖွဲ့စည်းသည် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။