Connect with us

Hi, what are you looking for?

သတင်း

ဟိုတယ်အောင်ပန်းပြိုကျမှု မိသားစုဝင် ၆ဦး၏ ရုပ်အလောင်းရှာတွေ့၊ စုစုပေါင်း ရုပ်အလောင်း ၁၁ဦး တွေ့ထား

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင်ခြောက်ဦး၏ ရုပ်အလောင်းများထပ်မံတွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိလာကြောင်း ကယ်ဆယ်ရေးလုပ်နေသူအချို့က ပြောသည်။

မတ်-၂၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင်ခြောက်ဦး၏ ရုပ်အလောင်းများထပ်မံတွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိလာကြောင်း ကယ်ဆယ်ရေးလုပ်နေသူအချို့က ပြောသည်။

ထပ်မံတွေ့ရှိသော ခြောက်ဦးသည် မိသားစုဝင်များဖြစ်ကာ ယနေ့ (မတ်လ ၂၉ရက်)ည ၈နာရီကျော်အထိ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေရဆဲဟု ၎င်းတို့က ပြောသည်။

“မိသားစုတခုထဲ ၆လောင်း တွေ့ရှိပါပြီ။ဘယ်နှစ်ယောက်ထပ်ရှိနေသေးလဲဆိုတာ မသိသေးဘူး။ ၂၄နာရီကျော်သွားပြီ ။မနားကြသေးဘူး လုပ်နေကြတာ”ဟု ဟိုတယ်အောင်ပန်း ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကနဦးစာရင်းများအပါအဝင် ဟိုတယ်အောင်ပန်းပြိုကျမှုဖြစ်စဥ်တွင် သေဆုံးသူ ၁၁ဦးအထိရှိလာပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၂၅ ဦးရှိထားကြောင်း သတင်းရရှိသည်။

ငလျင်ကြောင့် အောင်ပန်းမြို့၌ နေအိမ် အုတ်တံတိုင်းပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။ အောင်ပန်းမြို့၏ လမ်းမကြီးဘေးရှိ ခြောက်ထပ်အမြင့်ရှိသော ဟိုတယ်အောင်ပန်းသည် အလုံးစုံပြိုကျခဲ့ခြင်းဖြစ်သည်။

(ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ကယ်ထုတ်နေစဉ်။ ဓာတ်ပုံ – နာရေးကူညီမှုအသင်း အောင်ပန်း)

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။