Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် နေပြည်တော်လေဆိပ် လေကြောင်းထိန်း မျှော်စင်ပြိုကျ

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ - Maxar Technologies

မတ် – ၃၀ ၊ ၂၀၂၅ / People’s Spring

ငလျင်ဒဏ်ကြောင့် အာဏာသိမ်း မြန်မာစစ်တပ် စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လေကြောင်းထိန်းသိမ်းရေးမျှော်စင်ပြိုကျပျက်စီးမှုအခြေအနေကို ဂြိုဟ်တု က ရိုက်ယူထားတဲ့ ပုံကိုတွေ့မြင်ရတာဖြစ်ပါတယ်။

လေကြောင်းထိန်းသိမ်းရေးမျှော်စင် ပြိုကျမှုကြောင့်ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းတွေ လည်းထွက်နေပါတယ်။ မြန်မာစစ်တပ်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

ငလျင်ကြောင့် မန္တလေး လေဆိပ်နဲ့ နေပြည်တော်လေဆိပ်တို့ ထိခိုက်ပျက်စီးသွားပြီး အဲဒီလေဆိပ်တွေကို ပြေးဆွဲမှု ရပ်ဆိုင်းထားတယ်လို့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က စစ်ကိုင်းမြို့ အနီး နဲ့ မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အားပြင်းငလျင်ကြီးနှစ်ခု ၁၂ မိနစ်သာခြားပြီး လှုပ်ခတ်သွားတာပါ။

ကနဦးငလျင်ကြီး က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိပြီး မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားပါတယ်။

နောက်ဆက်တွဲ ငလျင်က ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်းအား နဲ့ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီငလျင် နှစ်ခုကြောင့် မန္တလေးမြို့ တစ်ခုလုံးနီးပါး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး နိုင်ငံအဝှမ်းမှာလည်း ငလျင်ဒဏ်သင့်ခဲ့ရပါတယ်။

မန္တလေးနဲ့ မိုင် ၁၆၀ ကျော်သာဝေးတဲ့ နေပြည်တော်လည်းငလျင် ကြောင့် ပျက်စီးထိခိုက်မှုတွေရှိခဲ့ပါတယ်။

နေပြည်တော်က ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ရာတွေ ၊ ဆေးရုံတွေ၊ စျေးတွေ ၊ လမ်းတံတား တွေ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။