Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် သေဆုံးသူ ၂,၃၉၅ ဦးရှိလာ၊ ပြည်သူ ၈ သန်းကျော် ဘေးကြုံတွေ့နေဟု NUG ထုတ်ပြန်

ငလျင်ဘေးကြောင့် ယ‌နေ့(ဧပြီ ၁ရက်)အထိအတည်ပြုနိုင်သည့် သေဆုံးသူဦးရေ ၂,၃၉၅ဦးရှိပြီး လူဦးရေ ၈သန်းကျော် ဘေးကြုံတွေ့နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ငလျင်ကြောင့် အဆောက်အဦးတစ်လုံးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၊၂၀၂၅။ခွာညို၊ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် ယ‌နေ့(ဧပြီ ၁ရက်)အထိအတည်ပြုနိုင်သည့် သေဆုံးသူဦးရေ ၂,၃၉၅ဦးရှိပြီး လူဦးရေ ၈သန်းကျော် ဘေးကြုံတွေ့နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ငလျင်လှုပ်ပြီး ၄ရက်မြောက်နေ့ MOHADM၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

သေဆုံးသူဦးရေ ၂,၃၉၅ ဦးရှိပြီး ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသည့် လူဦးရေ စုစုပေါင်း ၈,၅၆၂,၅၅၅ ဦးခန့် ရှိသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ငလျင်ကြောင့် ၂,၀၅၆ဦးသေဆုံးပြီး ၃,၉၀၀ ဒဏ်ရာရကာ ၃၀၀ဦး ပျောက်ဆုံးနေကြောင်း ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။ ငလျင်ကို တိုက်ရိုက်ထိခိုက်ခံစားရမှုတွင် အဆင့်လေးဆင့်ခွဲ ခြားထားပြီး အမြင့်ဆုံးအဆင့်ထိခိုက်သူ နှစ်သိန်းခွဲမှ သုံးသိန်းသုံးသောင်းကျော်ရှိသည်ဟု ဆိုသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးကြုံတွေ့နေရပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု၊ အပျက်အဆီးရှင်းလင်းခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း MOHADMက ထုတ်ပြန်ထားသည်။

“သေဆုံးသူက ထပ်တိုးနိုင်တယ်။ကျွန်တော်တို့ မြို့မှာဆို ၂၀၀ ဝန်းကျင် ဆိုတာ မြို့ပေါ်အနေအထားပဲရှိသေးတာ။ရွာတွေဘက် ကယ်ဆယ်ရေးလမ်းကြောင်း တွေပြတ်နေတာ”ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဝန်ထမ်း တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ထိုးစစ်ကိုနှစ်ပတ်ကြာရပ်တန့်ထားပြီး ၎င်း၏ စိုးမိုးနယ်မြေနှင့်ဆက်စပ်ရာဒေသများတွင် ငလျင်ဒဏ်သင့် ပြည်သူများကို ထောက်ပံ့နေကြောင်း NUGက ကြေညာထားသည်။

ထို့အပြင် ပြတ်တောက်နေသည့် တယ်လီဖုန်းဆက်သွယ်ရေးများကြားတွင် အစီရင်ခံမှု နည်းပါးခြင်းကြောင့် အမှန်တကယ် ကိန်းဂဏန်းများထက် ပိုများနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထား​ထောက်မှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကလည်း ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ငလျင်၏နောက်ဆက်တွဲပြဿနာများ ဖြစ်သည့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ၊ အရေပြားရောဂါများ၊ သွေးလွန်တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖျားနာမှုများနှင့် ဝက်သက်ကဲ့သို့သော ကာကွယ်ဆေးများ ကာကွယ်နိုင်သောရောဂါများ တိုးလာဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။

ရစ်ခ်ျတာစကေး ၇ဒဿ၇ အဆင့်ရှိသော ငလျင်သည် မတ်လ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၅၀မိနစ်က လှုပ်ခဲ့ပြီး ‌‌နောက်ဆက်တွဲငလျင်အကြိမ်ရေး ၂၀၀ခန့်လှုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။