Connect with us

Hi, what are you looking for?

သတင်း

ကြိုတင်အသိမပေး၍ တရုတ်နိုင်ငံကြက်ခြေနီယာဉ်တန်းအား ပစ်ခတ်ခဲ့ဟု စစ်ကောင်စီဆို

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရန် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော တရုတ်ကြက်ခြေနီယာဉ်တန်းသည် ကြိုတင်အသိမပေးသောကြောင့်သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာသည်။

တရုတ်ကြက်​ခြေနီအသင်းက ​ထောက်ပံ့​ရေးပစ္စည်းများသယ်​ဆောင်လာပြီး ​နောင်ချိုမြို့နယ်တွင်စစ်တပ်က ပစ်ခတ်ခံခဲ့ရ​သောယာဥ်တန်း၏ကားတစ်စီးမှယာဥ်​မောင်းနှင့်ယာဥ်အကူ။ ဓါတ်ပုံ-TNLA

ဧပြီ-၂၊၂၀၂၅။ခွာညို/People’s Spring

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရန် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော တရုတ်ကြက်ခြေနီယာဉ်တန်းသည် ကြိုတင်အသိမပေးသောကြောင့်သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာသည်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ‌ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂ ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ဧပြီလ ၁ ၇က်နေ့ ညနေ၉နာရီ၂၁နာရီအချိန်တွင်တရုတ်နိုင်ငံကြက်ခြေနီအသင်းမှမြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့်ယာဉ်တန်း(၉)စီးသည် မန္တလေးမြို့သို့ သွားစဥ်နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၎င်းယာဉ်တန်းသည် မန္တလေးမြို့သို့ခရီးဆက်သွားမည့်အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLA က ထုတ်ပြန်အသိပေးထားသည်။

စစ်ကောင်စီကမူ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာစစ်သံရုံးကိုပါအကြောင်းကြားကြောင်းမရှိကြောင်းငြင်းဆိုပြီး အဆိုပါကားများကိုပါ စုံစမ်းစစ်ဆေးမည်ဟုခြိမ်းခြောက်ထားသည်။ နိုင်ငံတကာမှအကူအညီ များကို စစ်သံရုံးများမှ တဆင့်အ​ကြောင်းကြား​​မှသာလက်ခံ​နေပြီး နိုင်ငံ ၁၅ နိုင်ငံမှ လူ ၁၅၀၀ ​ကျော်၊ ကယ်ဆယ်​ရေး လူနှင့် ပစ္စည်းတင်​လေယာဥ် အစီး ၅၀ ​ကျော်ဆိုက်ကပ်ထားသည်ဟုလည်း ​ဇော်မင်းထွန်းက​ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ထိခိုက်သူမရှိခဲ့ပေ။TNLA ကယာဉ်တန်းအား ကာကွယ်စောင့်ရှောက်ပေးထားသည်။

ယခုကဲ့သို့ကယ်ဆယ်ရေးကြက် ခြေနီယာဉ်တန်းအား‌ ခြောက်လှန့်ပစ်ခတ်ခြင်းသည် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကိုပါ လုံခြုံရေးအရခြိမ်းခြောက်ခြင်းဟု လားရှိုးမြို့ခံတဦးကသုံးသပ်သည်။

စစ်ကောင်စီသည် နိုင်ငံတကာသတင်းမီဒီယာများကိုလည်း လုံခြုံရေးအကြောင်းပြ၍ ပြည်တွင်းသို့ဝင်ခွင့်မပေးဘဲ တားမြစ်ထားသည်။သတင်းရယူခွင့်ကို ကန့်သတ်ပြီး လွတ်လပ်​သောမီဒီယာများမှ သတင်း​ဖော်ပြမှုများကိုဇော်မင်းထွန်းက ယုံကြည်ကြရန်​ပြောပြီးပြည်သူများကို သတင်းအ​မှောင်ချရန် ကြိုးစား​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။