Connect with us

Hi, what are you looking for?

သတင်း

ရက် ၂၀ အပစ်ရပ်မယ်လို့ကြေညာချက်မထွက်မီ နာရီပိုင်းအလိုမှာ စစ်ကောင်စီတပ် ကရင်ပြည်နယ်ထဲ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက ရက်(၂၀)ကြာ ယာယီအပစ်ရပ်စဲမည့်ကြေညာချက်မထွက်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နှင့် ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဧပြီ-၂၊ ၂၀၂၅။ နိုင်ပကောင်း/People’s Spring

စစ်ကောင်စီက ရက်(၂၀)ကြာ ယာယီအပစ်ရပ်စဲမည့်ကြေညာချက်မထုတ်မီ နာရီပိုင်းအလို ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်နှင့် ကမမောင်းမြို့ကြားရှိ လေးဖိုးထကျေးရွာအုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ကလေးနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူလူထုကို စာနာထောက်ထားသောအနေဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက ယနေ့ ဧပြီလ(၂)ရက် မှစ၍ (၂၂)ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည်ဟု ယနေ့ ည ၈ နာရီက ကြေညာခဲ့သည်။

ယင်းကြေညာချက်ထွက်မလာမီ နာရီအပိုင်းအလို ယနေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် KNU မူတြော်(ဖာပွန်)ခရိုင်၊ လေးဖိုးထကျေးရွာအုပ်စု၊ နေကာရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်က ဗုံးလာရောက်ကြဲချတိုက်ခိုက်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် နေကာကျေးရွာက အသက် ၃ လအရွယ် ကလေးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်းနှစ်ဦး သေဆုံးသွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

“အဲ့ဒီဂွင်ထဲမှာ ဘာတိုက်ပွဲမှမရှိဘူး၊ အသားလွတ်ကြီး ဗုံးလာကြဲသွားတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ရက်(၂၀)ကြာ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပေါ် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယခုလိုပဲ ပြောကြားသွားသည်။

“အပစ်အခတ်ရပ်စဲတယ်ဆိုတာကတော့ ပြောရမယ်ဆိုရင်တော့ မလှုပ်ရှားနိုင်တဲ့ ခြေလျင်တပ်ပဲ သူတို့ စစ်ရပ်စဲမယ်၊ ဒါပေမဲ့ လှုပ်ရှားနိုင်တဲ့ လေယာဉ်ပျံကတော့ မရပ်စဲဘူးလို့ အဓိပါယ်သက်ရောက်သွားတာပေါ့နော်” ဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။