Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မိုးဗြဲတွင် အရပ်သားခြောက်ဦး သေဆုံး

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း တွေ့ရသော မိုးဗြဲ PDFမှ ရဲဘော်များနှင့် ဗုံးကြဲခံရသည့် ပီကင်းကောခူကျေးရွာ နေအိမ်အချို့။ ဓာတ်ပုံ - MBPDF၊CJ

ဧပြီ ၄၊၂၀၂၅။ ရဲခေါင်/People’s Spring

ယာယီအပစ်ရပ်မည်ဟုကြေညာထားသော စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့နယ်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဧပြီ ၄ ရက်)တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်း- ကရင်နီပြည်နယ်အစပ်၊မိုးဗြဲမြို့နယ် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ ပီကင်းကောခူကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မွန်းလွှဲ ၁၂နာရီခန့်တွင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကာ နေ့လည် ၃နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ငါးဦးအထိ သေဆုံးခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လူနေအိမ်ပေါ်ကို တည့်တည့်ကြဲသွားတာ။ဒဏ်ရာ ရတဲ့သူတွေလည်းရှိတယ်။ဒီနေ့ ည ၇ နာရီလောက်ကလည်း လက်နက်ကြီးနဲ့ကို စခဘက်က ထပ်ပစ် နေသေးတာ”ဟု မိုးဗြဲမြို့တွင်ရှိနေသူတစ်ဦးကလည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသေဆုံးမှုကို ရှင်းပြသည်။

ဧပြီ ၂ ရက်ကစ၍ စစ်ကောင်စီက ရက် ၂၀ကြာ ယာယီအပစ်ရပ်မည်ဟုကြေညာသော်လည်း ထိုနေ့၌ပင် ကရင်နီပြည်နယ်၊ဘောလခဲ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရဲဘော်တစ်ဦးနှင့် အရပ်သား သုံးဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့(ဧပြီ ၄ရက်)တွင် တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာနှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၃ ရက်ကလည်း ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ကနီမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ကာ တအာင်းတပ်မတော် (TNLA)နယ်မြေနှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် TNLAတို့က အသိပေးသည်။

စစ်ကောင်စီ၏ အပစ်ရပ်သည်ဟူသောကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီက ၎င်းတို့ကြေညာချက်ကို ကိုယ်တိုင်စည်းဖောက်ပြီး ထိုးစစ်ဆင်ခြင်း လေကြောင်း တိုက်ခိုက်ခြင်း လုပ်ဆောင်နေဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။