Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ တွင်းနက်ကြီး ဆက်လက်ပြိုကျနေ

ငလျင်လှုပ်ခတ်မှုအပြီးဖြစ်ပေါ်လာသည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ တွင်းနက်ကြီးမှာ ဆက်လက်ပြိုကျနေကြောင်း ဒေသခံအချို့က ပြောသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၌ တွေ့ရသော တွင်းနက်ကြီး။ ဓာတ်ပုံ - Kyaw Oo/FB

ဧပြီ ၆၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်လှုပ်ခတ်မှုအပြီးဖြစ်ပေါ်လာသည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ တွင်းနက်ကြီးမှာ ဆက်လက်ပြိုကျနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းမြို့နယ်ဗဟိုပြုသည့် အင်အားပြင်ငလျင်လှုပ်ခတ်မှုအပြီး တစ်ရက်အကြာ မတ်လ ၂၉ ရက်တွင် အသေးစားမြေကြီးအက်ကွဲမှုကစအပြု၍ ဧပြီ ၁ ရက်တွင် တွင်းနက်ကြီးဖြစ်လာခဲ့သည်ဟု အသိပေးသည်။

“သဲတောင်လို ပုံစံမျိုးဆိုတော့ တွင်းရဲ့အတွင်းထဲက ပတ်ပတ်လည်က သဲတွေတော်တော်ကျနေတာ။အပေါ်ဘေးပတ်ပတ်လည်မှာလည်း နည်းနည်းစီကျနေတယ်။အလယ်က အကျယ်ကတော်တော်သိသာတယ်”ဟု ဒီးမော့ဆို မြို့နယ်အနောက်ဘက်ခြမ်းဒေသခံက တွင်းနက်ဆက်လက်ပြိုကျမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အနက်နှင့် အကျယ် ပေ ၁၀၀ကျော်တွင်းနက်သည် ဒေသခံများ၏ နေအိမ်များနှင့် ပေ ၂,၂၀၀ခန့် အကွာအဝေးရှိကြောင်း သိရသည်။

“လူနေအိမ်အများစုနဲ့တော့ မီတာ ၇၀၀ကျော်လောက်တော့ ဝေးနေသေးတယ်။နေ့တိုင်းတော့ စောင့်ကြည့် နေကြတာပဲ။သက်ဆိုင်သူတွေကတော့ အနီးတဝိုက် မသွားဖို့တော့ သတိပေးတယ်။ခပ်ခွာခွာက သွားကြည့် ရတာပေါ့”ဟု ဒေသခံရဲဘော်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ သဘာဝအလျောက်ဖြစ်လာစေသည့် တွင်းမျိုးသည့် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် မကြာခဏ ဖြစ်လေ့ရှိသော်လည်း ယခုထွက်ပေါ်သည့် တွင်းသည် မြေငလျင် ကြောင့် ဖြစ်သည်ဟု ယူဆရပြီး ပိုမိုကြီးမားကြောင်းလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဗညားက လူထုနွေဦးသို့ ပြောထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Sinkhole(မြေပြင်မျက်နှာပြင်အောက်က ကျောက်လွှာတွေ (သို့) မြေလွှာတွေ ပြိုကျပြီး မြေပြင်ပေါ်မှာ ရုတ်တရက်ချိုင့်ခွက်ကြီးဖြစ်ခြင်း)အသေးစားဖြစ်လာခြင်းဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။