ကရင်ပြည်နယ်စစ်ကောင်စီက လူငါးဦးထက်ပိုပြီး လူမစုဖို့ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားပေမယ့် (၆၆) နှစ်ပြည့် ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲကို လူစုလူဝေးနဲ့ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။
ကရင်ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲကို မိုဝင်ဘာ ၇ ရက် ဒီကနေ့မနက်ပိုင်းက ဘားအံမြို့ သီရိကွင်းမှာ ပြည်နယ်စစ်ကောင်စီက ကျင်းပပြုလုပ်သွားခဲ့တာပါ။
အဲ့ဒီအခမ်းအနားဖွင့်ပွဲကို ပြည်နယ်စစ်ကောင်စီအဖွဲ့အပြင် NCA လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC)တို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်နေ့အခမ်းအနား ဖွင့်ပွဲကျင်းပပြုလုပ်တဲ့နေရာဖြစ်တဲ့ သီရိကွင်းအဝင်အထွက်နေရာအားလုံးကို လမ်းပိတ်ဆို့ထားပြီး ဝင်ထွက်သွားလာခွင့်မရဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။