Connect with us

Hi, what are you looking for?

News

လူစုလူဝေးတားမြစ်မိန့်ထုတ်ထားချိန် ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်နေ့ဖွင့်ပွဲ

ကရင်ပြည်နယ်နေ့အခမ်းအနား ဖွင့်ပွဲကျင်းပပြုလုပ်တဲ့နေရာဖြစ်တဲ့ သီရိကွင်းအဝင်အထွက်နေရာအားလုံးကို လမ်းပိတ်ဆို့ထားပြီး ဝင်ထွက်သွားလာခွင့်မရဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီက လူငါးဦးထက်ပိုပြီး လူမစုဖို့ ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားပေမယ့် (၆၆) နှစ်ပြည့် ပြည်နယ်နေ့အခမ်းအနားဖွင့်ပွဲကို လူစုလူဝေးနဲ့ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ကရင်ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲကို မိုဝင်ဘာ ၇ ရက် ဒီကနေ့မနက်ပိုင်းက ဘားအံမြို့ သီရိကွင်းမှာ ပြည်နယ်စစ်ကောင်စီက ကျင်းပပြုလုပ်သွားခဲ့တာပါ။

အဲ့ဒီအခမ်းအနားဖွင့်ပွဲကို ပြည်နယ်စစ်ကောင်စီအဖွဲ့အပြင် NCA လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC)တို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်နေ့အခမ်းအနား ဖွင့်ပွဲကျင်းပပြုလုပ်တဲ့နေရာဖြစ်တဲ့ သီရိကွင်းအဝင်အထွက်နေရာအားလုံးကို လမ်းပိတ်ဆို့ထားပြီး ဝင်ထွက်သွားလာခွင့်မရဘူးလို့ မြို့ခံတွေထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

ဖယ်ခုံ အမှတ်(၁၀၀၆) တပ်ရင်း၊အမှတ်(၁၁၀၆) တပ်ရင်း ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်း၊ ပြည် ခရိုင် တပ်ရင်း (၃၆၀၂) ဇော်ဂျီစစ်ကြောင်း၊ အရှေ့ရိုးမတပ်ရင်းတို့ကလည်း တောတွင်းနေရာများ၌ အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈)နှစ်မြောက် မွေးနေ့ အမှတ်တရအဖြစ် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ (၁) မှရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ပဲပြုတ်နှင့်နံပြားကျွေးမွေးခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။