Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်း PDF များက အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ

ဖယ်ခုံ အမှတ်(၁၀၀၆) တပ်ရင်း၊အမှတ်(၁၁၀၆) တပ်ရင်း ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်း၊ ပြည် ခရိုင် တပ်ရင်း (၃၆၀၂) ဇော်ဂျီစစ်ကြောင်း၊ အရှေ့ရိုးမတပ်ရင်းတို့ကလည်း တောတွင်းနေရာများ၌ အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)
(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)

နိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်များ က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားများကို ယနေ့ (ဇူလိုင် ၁၉)ကအသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့နံနက်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ဖွဲ့ဝင်များမှ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတစ်ဝက်ချ၍ အလေးပြုခြင်း အခမ်းအနားကို လုပ်ဆောင်ခဲ့ကြသည်။

မန္တလေးတိုင်း၊ ပုဂံဒေသရှိ Bagan Ogre Force ၊ (Popa production & Guerilla Force ) ၊ MGN 9 star PDF နှင့် Royal Brother defense force တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော အာဇာနည် ပုဂ္ဂိုလ်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။

(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)
(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)

ထို့အပြင် ပဲခူးတိုင်း အရှေ့ရိုးမ တပ်ရင်း EYM PDF ရဲဘော်များကလည်း အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုခြင်း အခမ်းအနား ကျင်းပခဲ့ပြီး ဆေးတပ်နှင့် ပညာရေး ဆရာ ၊ ဆရာမ များကလည်း ကလေးငယ်များကို ပဲပြုတ်နှင့် နံပြား ကျွေးမွေး လှူဒါန်းခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း – ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့နှင့် ကလေးခရိုင်အမှတ် ၆ တပ်ရင်းတို့မှ ရဲဘော်များကလည်း(၇၆)နှစ်မြောက်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား လုပ်ဆောင်ခဲ့ကြသည်။

အလားတူ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင်လည်း အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနား အစီအစဥ်များကို တပြိုင်နက်တည်း ကျင်းပခဲ့ကြသည်။

(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)
(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တွင်လည်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့နှင့် အမှတ် ၁၇ တပ်ရင်း တောကြီးမြွေပွေးတပ်ဖွဲ့တို့က ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အလားတူ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့၊ MonywaTheBoys အဖွဲ့များကလည်း တောတွင်းတစ်နေရာ၌ အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့သည်။

အမှတ်(၁)စစ်ဒေသ ကလေးခရိုင် တပ်ရင်း (၁၁)၊ ကလေးခရိုင် အမှတ် ၆ တပ်ရင်း၊အမှတ်(၁)စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း (၃၆)၊ အမှတ်(၁)စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း (၁၉)၊ အမှတ်(၁)စစ်ဒေသယင်းမာပင်ခရိုင် တပ်ရင်း (၆)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊၂၂)၊ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် (၂၉)၊ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်းရွှေဘိုခရိုင် တပ်ရင်း (၂၆)၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊Union Liberation Froint – ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးစသည့်တပ်ရင်းတပ်ဖွဲ့များကလည်း အာဇာနည်နေ့အခမ်းအနားများ အသီးသီးကျင်းပခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေး နဂါးနီစစ်ကြောင်းတပ်ခွဲ ၂ ရဲဘော်များနှင့် တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေး အမှတ် ၃ စစ်ဒေသခွဲ နဂါးနီ စစ်ကြောင်းမှူး၏ အနီးကပ်အဖွဲ့ (Revolution Armed Force) မှ ရဲဘော်များကလည်း အာဇာနည်နေ့ အလေးပြု အခမ်းအနား လုပ်ဆောင်ခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင် ၉ ဦးအပါအဝင် ကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် မြင့်မြတ်စွာ အသက်ပေးသွားကြသောနဂါးနီစစ်ကြောင်းမှ ရဲဘော်များကိုလည်း “လွတ်မြောက်ဖို့ အတွက်တိုက်ပွဲဝင်ကြ အာဇာနည်ဟာ ၉ ဦးမက” ဟူသော ကြွေးကြော်သံဖြင့် အလေးပြုခဲ့ကြသည်။

(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)
(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)

ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းတောင် အမှတ် ၁၀၀၈ SSRY တပ်ရင်း၊ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းနှင့် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက အာဇာနည်နေ့ အလေးပြု အခမ်းအနား ကျင်းပခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်များ၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့သော တပ်ရင်းအသီးသီးမှ ရဲဘော် ၃ ဦးနှင့် အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြုခဲ့ကြသည်။

(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)
(PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် အာဇာနည်​နေ့အခမ်းအနားကျင်းပ​နေကြစဥ်။ဓာတ်ပုံ -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ)

မကွေးတိုင်းတွင်လည်း တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေး နဂါးနီစစ်ကြောင်းတပ်ခွဲ ၂၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁)စစ်ဒေသ မကွေးခရိုင် တပ်ရင်း (၂)၊ နတ်မောက်ဂဠုန် PDF တို့က အာဇာနည်နေ့အခမ်းအနားများ ကျင်းပခဲ့သည်။

ဖယ်ခုံ အမှတ်(၁၀၀၆) တပ်ရင်း၊အမှတ်(၁၁၀၆) တပ်ရင်း ရှမ်းတောင် အမှတ်(၁၀၀၅) တပ်ရင်း၊ ပြည် ခရိုင် တပ်ရင်း (၃၆၀၂) ဇော်ဂျီစစ်ကြောင်း၊ အရှေ့ရိုးမတပ်ရင်းတို့ကလည်း တောတွင်းနေရာများ၌ အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

သတင်း

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

သတင်း

စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးထက်မနည်းသေဆုံး၊ စစ်သုံ့ပန်း(၂၂)ဦးနှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ