Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကြောင့် သေဆုံးမှုတွေမှာ ယူကရိန်း သမ္မတ ဇီလန်စကီးလည်း အပြစ်မကင်းဘူးလို့ ထရမ့်စွပ်စွဲ

စစ်ပွဲကြောင့် ယူကရိန်း ပြည်သူတွေ သေဆုံးနေမှုမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်လည်း အပြစ်မကင်းဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားပါတယ်။

စစ်ပွဲကြောင့် ယူကရိန်း ပြည်သူတွေ သေဆုံးနေမှုမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်လည်း အပြစ်မကင်းဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားသွားပါတယ်။

မတ်လ ၁၃ ရက်နေ့တုန်းက ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ဆူမီမြို့မှာ လူ ၃၅ ဦးသေပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး ထရမ့်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းက ခုခံနေတာ ဖြစ်ပေမယ့် ထရမ့်ကတော့ အရင် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့အတူ ဇီလန်စကီးဟာ စစ်ပွဲကို အစပြုဖို့ လှုံဆော်ခဲ့တာလို့ စွပ်စွဲသွားတာပါ။

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ အမေရိကန်က ကြားဝင် စေ့စပ်ပေးနေချိန်မှာ ရုရှားရဲ့ အခုလို ဒုံးကျည် တိုက်ခိုက်ခဲ့မှုအပေါ် အနောက်မဟာမိတ် နိုင်ငံတွေက ရှုတ်ချခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ထရမ့်ကတော့ လူတွေ အများကြီး သေကြေနေရတဲ့ စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နည်းတူ ဘိုင်ဒန်နဲ့ ဇီလန်စကီးတို့ကိုလည်း အပြစ်တင်ရမှာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တခြားသူတွေက ကိုယ့်ကို ဒုံးကျည်တွေ ပေးကမ်းမယ်လို့ မျှော်လင့်ရုံ သက်သက်နဲ့တော့ ကိုယ့်ထက် အင်အား အဆ ၂၀ လောက်သာတဲ့ ရန်သူနဲ့ စစ်မဖြစ်ခဲ့သင့်ဘူးလို့ ဇီလန်စကီးကို ရည်ရွယ်ပြီး ထရမ့်က ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုဟာ မှားယွင်းကြောင်း၊ ဒါပေမဲ့ တကယ်တမ်းမှာ လူသုံးယောက် ကျူးလွန်တဲ့ အမှားတွေကြောင့် သန်းနဲ့ချီ သေကြေပျက်စီးနေရတာဖြစ်ကြောင်း၊ ပူတင်ဟာ နံပါတ်တစ် ပြစ်တင်ရမယ့်သူ ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်း မသိခဲ့တဲ့ ဘိုင်ဒန်က ဒုတိယ၊ ဇီလန်စကီးက တတိယလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ထရမ့်က စွပ်စွဲသွားပါတယ်။

ယူကရိန်း စစ်ပွဲမှာ သေကြေပျက်စီးမှု အရေအတွက်ကို တိတိကျကျ မသိရပေမယ့် သိန်းဂဏန်းသာဖြစ်ပြီး သန်းဂဏန်းထိ မရောက်ဘူးဆိုတာ လေ့လာသူတွေ၊ စစ်ရေးသုတေသီတွေက လက်ခံထားပါတယ်။

ထရမ့်က ဇီလန်စကီးဟာ ဒုံးကျည်တွေ ထပ်ထပ်ဝယ်ဖို့ပဲ စိတ်ဇော ထက်သန်နေတဲ့သူလို့ ပြောကြားခဲ့ပြီး ကိုယ်က စစ်ပွဲတစ်ခုကို စတိုက်မယ်ဆိုရင် နိုင်ခြေ ရှိမရှိ နားလည်ဖို့ လိုတယ်လို့လည်း ဝေဖန်ခဲ့ပါသေးတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားတပ်တွေက အိမ်နီးချင်း ယူကရိန်းနိုင်ငံ ပိုင်နက်ထဲ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ ဇီလန်စကီးဟာ စစ်ပွဲကို စတင်စေခဲ့တဲ့သူလို့ မကြာခဏ စွပ်စွဲပြောဆိုနေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။