Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို အပျက်အစီးတွေကြား ရုပ်အလောင်း ၄လောင်းထပ်တွေ့

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ -MFSD

ဧပြီ – ၂၄ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ကွန်ဒို C နဲ့ D အဆောက်အဦး ကို ရှင်းလင်းရာမှာ ကလေးရုပ်အလောင်း ၁ လောင်း၊ အမျိုးသား ရုပ်အလောင်း ၃ လောင်းစုစုပေါင်း ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရတာလို့ မီးသတ်က ဆိုပါတယ်။

မီးသတ်ရဲ့စာရင်းတွေအရ Sky Villa ကွန်ဒို ပြိုကျမှုမှာဒီနေ့အထိ ရှာဖွေတွေ့ရှိ သယ်ထုတ်နိုင်တဲ့ ရုပ်အလောင်း ၁၂၇ လောင်းထိရှိလာပြီဖြစ်ပြီး အသက်ရှင်လျက်တော့ ၅၂ ဦး ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၁၂၇ ဦးမှာ အမျိုးသား ၄၁ ဦး ၊ အမျိုးသမီး ၆၅ဦး ၊ ကလေး ၁၂ ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး ဖြစ်တယ်လို့သိရပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကလည်း ခန့်မှန်းထားကြပါတယ်။

“ အနံတွေက ထွက်နေတာတော့ အတော်ကြာပါပြီ ၊အခုနေကလည်းပိုပူလာတော့ ပိုဆိုးလာတဲ့ သဘောတော့ရှိတယ် “ လို့ ကူညီရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

ပြိုကျသွားတဲ့ ကွန်ဒို အဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းရေးနဲ့ ရုပ်အလောင်းရှာဖွေသယ်ထုတ်တာတွေကို လူအင်အား ၊စက်ယန္တယားအင်အားသုံးပြီး ဒီနေ့အထိ လုပ်ဆောင်နေတယ်လို့မီးသတ်က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook