Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို အပျက်အစီးတွေကြား ရုပ်အလောင်း ၄လောင်းထပ်တွေ့

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ -MFSD

ဧပြီ – ၂၄ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ကွန်ဒို C နဲ့ D အဆောက်အဦး ကို ရှင်းလင်းရာမှာ ကလေးရုပ်အလောင်း ၁ လောင်း၊ အမျိုးသား ရုပ်အလောင်း ၃ လောင်းစုစုပေါင်း ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရတာလို့ မီးသတ်က ဆိုပါတယ်။

မီးသတ်ရဲ့စာရင်းတွေအရ Sky Villa ကွန်ဒို ပြိုကျမှုမှာဒီနေ့အထိ ရှာဖွေတွေ့ရှိ သယ်ထုတ်နိုင်တဲ့ ရုပ်အလောင်း ၁၂၇ လောင်းထိရှိလာပြီဖြစ်ပြီး အသက်ရှင်လျက်တော့ ၅၂ ဦး ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၁၂၇ ဦးမှာ အမျိုးသား ၄၁ ဦး ၊ အမျိုးသမီး ၆၅ဦး ၊ ကလေး ၁၂ ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး ဖြစ်တယ်လို့သိရပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကလည်း ခန့်မှန်းထားကြပါတယ်။

“ အနံတွေက ထွက်နေတာတော့ အတော်ကြာပါပြီ ၊အခုနေကလည်းပိုပူလာတော့ ပိုဆိုးလာတဲ့ သဘောတော့ရှိတယ် “ လို့ ကူညီရေးလုပ်နေသူတစ်ဦးကပြောပါတယ်။

ပြိုကျသွားတဲ့ ကွန်ဒို အဆောက်အဦးတွေကို ဖယ်ရှားရှင်းလင်းရေးနဲ့ ရုပ်အလောင်းရှာဖွေသယ်ထုတ်တာတွေကို လူအင်အား ၊စက်ယန္တယားအင်အားသုံးပြီး ဒီနေ့အထိ လုပ်ဆောင်နေတယ်လို့မီးသတ်က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

သတင်း

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး အပျက်အစီးများ နှင့် ငလျင်ကြီး အ​ကြောင်း ပိုမိုသိရှိနိုင်ရန် ဒရုန်းအသုံးပြု၍စစ်တမ်း​ကောက်ယူ (Drone Survey)မည့်အပေါ် စစ်ကောင်စီက ခွင့်ပြုမပေးကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌ ဒေါက်တာစုံဟန်က ​ပြောသည်။

Facebook