Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် ဖားကန့်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော Win Light ဟိုတယ်အား တွေ့ရစဉ်။ဓာတ်ပုံ - Bhamo Scout Team

ဧပြီ ၂၇၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

KIAနှင့် မဟာမိတ်တပ်များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင် တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ အပြင်းအထန် ပြုလုပ်လျက်ရှိဟု သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်ပွဲ ကြမ်းနေတယ်။ စကစ လေကြေငာ်း တိုက်ခိုက်မှုလုပ်တာလည်းပြင်းထန်တယ်။ ဒီမနက် ၄ကြိမ် လာကြဲပြီ”ဟု ကချင်သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဧပြီ ၂၆ရက်) ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကောင်စီ ကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သိမ်းပိုက်ရရှိခဲ့သည့် ကာကင်းစခန်းများမှာ ဗန်းမော် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၏ အရေးပါသည့် ကာကင်းများဖြစ်သည်ဟုဆိုသည်။

“၂၁ရဲ့ အဓိက ကာကင်းတွေဖြစ်တဲ့ ဟာတွေကတော့ သိမ်းထားတာရှိတယ်။ ၂၁ရဲ့ ကာကင်းတွေ တော်တော်များများ သိမ်းလိုက်ပြီး ၂၁ဝန်းနားအထိ ရောက်ရှိနေပြီလို့ သတင်းတော့ရတယ်” ဟု အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

စစ်ကောင်စီတပ်က ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်နေသည့် ရုပ်သံနှင့် KIA မဟာမိတ်များက ဗန်းမော်ဒေသတိုက်ပွဲ၌ ဒရုန်းဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေမှု ရုပ်သံကိုလည်း သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြထားသည်ကို တွေ့ရသည်။

ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေသကဲ့သို့ ဖားကန့်မြို့နယ်တွင်လည်း စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ပြင်းထန်နေသည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်မြို့နယ် မအူပင်ဒေသ တိုက်ပွဲမှာလည်း ယနေ့ ပြန်လည် ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီသည် ဖားကန့်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် အင်အားရာချီဖြင့် ဖားကန့်လမ်းသို့ထိုးစစ်ဆင်လာ၍ KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၄ရက်ကတည်းက ဖားကန်မြို့နယ် မအူပင် ဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။

ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကားမိုင်း-နန့်ယားလမ်းကြောအတိုင်း စစ်ကောင်စီက ထိုးစစ်ဆင်လာသကဲ့သို့ အင်းတော်ကြီး-တာမခန် လမ်းကြောမှလည်း စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။