Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သေဆုံးသူ ၄၂ဦးအတွက် တစ်ဦးကျပ်သိန်း ၂၀စီ ပကဖ ထောက်ပံ့

ဒဏ်ရာရသူ ၄၅ဦးအတွက် တစ်ဦး ကျပ် ၁၅သိန်းစီ၊ ပျက်စီးခဲ့သည့် နေအိမ် ၄၂လုံးအတွက် တစ်လုံးလျင် ကျပ်သိန်း ၂၀ ပေးအပ်

သပိတ်ကျင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်သူများအား ပကဖက ထောက်ပံ့ငွေပေးအပ်နေစဉ်။ ဓာတ်ပုံ − သပိတ်ကျင်း ပကဖ

ဧပြီ ၂၈၊၂၀၂၅။သက်ဝေ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်တွင် သင်္ကြန်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်၍ သေဆုံးခဲ့ရသော ပြည်သူ (၄၂) ဦးအတွက် တစ်ဦးလျှင် ကျပ်သိန်း (၂၀)ကျပ်စီ ထောက်ပံ့ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရ ပြည်သူ (၄၅)ဦးအတွက် တစ်ဦးလျှင် (၁၅)သိန်းကျပ်စီနှင့် ပျက်စီးသွားသော နေအိမ် (၄၂) လုံးအတွက် တစ်လုံးလျှင် သိန်း (၂၀)ကျပ်စီ ပေးအပ်ခဲ့ဟု အသိပေးသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရနှင့် နေအိမ်ပျက်စီးခဲ့ရသည့် ပြည်သူများအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်သိန်း ၂၃၅၅ သိန်း အသုံးပြုခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထောက်ပံ့ငွေများကို မပန်ဆယ်လို၏ ကူညီထောက်ပံ့ငွေ ကျပ်သိန်း(၆၉၀) ၊ ပြည်သူလူထုမှ စုပေါင်းထောက်ပံ့ငွေများဖြင့် သပိတ်ကျင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲနှင့် သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲတို ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်သင့် ပြည်သူများ ကူညီထောက်ပံ့ရေး ကော်မတီဖွဲ့စည်းပြီး ယခုကဲ့သို့ ထောက်ပံ့နိုင်ခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် အပစ်ရပ်သည်ဟုဆိုသော်လည်း သပိတ်ကျင်းအပါအဝင် ပြင်ဦးလွင်ခရိုင်ရှိ မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှု အပြင်းထန်ဆုံး ပြုလုပ်ခဲ့ရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“စကစကတော့ အမြဲတမ်း အာချောင်နေတာ။ သူအာချောင်တာက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတယ်ဆိုပြီး နိုင်ငံတကာ အမြင်မှာတော့ ပြည်သူတွေအပေါ် ကြည့်တယ်ဆိုပြီး မြင်အောင်လို့သာ အာလျှောက်ချောင်ထားတာ။ တကယ်တန်းက ပြင်ဦးလွင်ခရိုင်ထဲမှာ ငလျင်လှုပ်အပြီးမှာ ဆိုရင် အကြိမ်ရေ အများဆုံးပဲ။ ဒီတော်လှန်ရေးကာလ တလျှောက်လုံးမှာ ဒီဧပြီလ အများဆုံးပဲ”ဟု ခရိုင်ပကဖသတင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြင်ဦးလွင်ခရိုင်ရှိ မတ္တရာ၊ စဉ့်ကူး ၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များကို ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ သပိတ်ကျင်းမြို့နယ်တွင် အကြိမ်ရေအများဆုံး ဖြစ်ခဲ့သည်ဟုဆိုသည်။ တရားဝင် သတင်းထုတ်ပြန်မှု မရှိသေးသော်လည်း ပြင်ဦးလွင်ခရိုင် လေးမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုမှာ ဧပြီအတွင်း အကြိမ် ၃၀ ပတ်ဝန်းကျင်ရှိသည်။

“သေဆုံးမှုကလည်း အများဆုံးပဲဗျ။ သပိတ်ကျင်းဆိုရင် တော်တော့်ကိုများတယ် ထိခိုက်သေဆုံးဆိုရင်”ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဧပြီလတွင် လေကြောင်း အပြင်းအထန် တိုက်ခိုက်ခဲ့မှုအခြေအနေကို ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ လည်းကောင်း၊ ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ လည်းကောင်း ငလျင်ဘေးအကြောင်းပြပြီး အပစ်ရပ်စဲမည်ဟု ကြေညာထားသည်။ သို့သော် အပစ်ရပ်ကြေညာသည့် စစ်ကောင်စီက ပြင်ဦးလွင်ခရိုင် အပါအဝင် နိုင်ငံတဝန်း ဒေသအသီးသီးကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ဧပြီလအတွင်း ပြည်သူ ရာချီ သေဆုံးထိခိုက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။