Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရွှေဆိုင်ကို သေနတ်ကိုင်လူတစ်စု ဓားပြဝင်တိုက်

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

ဧပြီ၂၉၊၂၀၂၅။ဆိုင်းမင်း၊ရှိန်း/People’s Spring

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

အောင်ပင်လယ်ရပ်ကွက် ၅၅လမ်း ၊ ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းကြားမှာရှိတဲ့ ရွှေဆိုင်ကို ညနေ ၃ နာရီဝန်းကျင်မှာ Honda Insight အမျိုးအစား အနက်ရောင် 9/4799 နံမှတ်ပါကားနဲ့ရောက်လာတဲ့ လူ တစ်စုဓားပြတိုက်သွားတာလို့သိရပါတယ်။

စစ်တပ်အားပေး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေလာတဲ့ CCTV မှတ်တမ်း အရ ရွှေဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်တဲ့ အမျိုးသား ၄ဦးကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/603616812695911

အမျိုးသား ၄ ဦးအနက် ၂ ဦးက ပြောက်ကျားယူနီဖောင်းဝတ် လျှာထိုးဦးထုပ်ဆောင်း ထားပြီး သေနတ်အတိုကိုယ်စီကိုင်ဆောင်ထားကြပါတယ်။ သူတို့ ၂ဦးဟာ စစ်ကောင်စီက ပြည်သူ့စစ်တွေကိုချထား ပေးတဲ့ အစိမ်းရင့်ရောင် ပျောက်ကြားယူနီ ဖောင်းကိုဝတ်ဆင်ထားပြီး လက်နက်အတို တွေ‌‌ကိုင်ဆောင်ထားတာကိုCCTV(လုံခြုံရေးကင်မရာ)မှာတွေ့မြင်ရပါတယ်။

“ဒီဦးထုပ်နဲ့ ယူနီဖောင်းက မန္တလေးမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေကိုချ ပေးထားတာ။လက်နက်အတိုရောပဲ။နယ်မြေကလည်း အောင်ပင်လယ်ကလည်း ဒီကောင် တွေစိုးမိုးနယ် မြေပဲ‌။ဒီ ကောင် တွေပဲဖြစ်မှာပေါ့ “လို့မြို့ခံတဦးကပြောပါတယ်။

ဓါးပြတိုက်ခံရချိန်မှာ ဆိုင်အတွင်းအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦးရှိ​နေပါတယ်။​ပြောက်ကျားဝတ်စုံဝတ်ထားသူ ၂ ဦးက အမျိုးသား ၂ ဦးရဲ့ဦး​ခေါင်း​တွေကို ​သေနတ်နဲ့ ချိန်ပြီးဓါးပြတိုက်ခဲ့တာပါ။

ကျန်အမျိုးသား ၂ ဦးက​တော့ ဆိုင်​ကောင်တာက​ရွှေထည်​တွေကိုယူ​ဆောင်သွားကြတာ ​တွေ့ရပါတယ်။​ရွှေချိန် ၂၃ ကျပ်သားဓါးပြတိုက်ခံလိုက်ရတယ်လို့စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်​တွေမှာ​ရေးသားထားပါတယ်။

လက်ရှိအချိန်အထိတော့ တရားခံ တွေဖမ်းဆီးနိုင်ခြင်းမရှိ သေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook