Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရွှေဆိုင်ကို သေနတ်ကိုင်လူတစ်စု ဓားပြဝင်တိုက်

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

ဧပြီ၂၉၊၂၀၂၅။ဆိုင်းမင်း၊ရှိန်း/People’s Spring

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

အောင်ပင်လယ်ရပ်ကွက် ၅၅လမ်း ၊ ၁၀၃ လမ်းနဲ့ ၁၀၄ လမ်းကြားမှာရှိတဲ့ ရွှေဆိုင်ကို ညနေ ၃ နာရီဝန်းကျင်မှာ Honda Insight အမျိုးအစား အနက်ရောင် 9/4799 နံမှတ်ပါကားနဲ့ရောက်လာတဲ့ လူ တစ်စုဓားပြတိုက်သွားတာလို့သိရပါတယ်။

စစ်တပ်အားပေး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေလာတဲ့ CCTV မှတ်တမ်း အရ ရွှေဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်တဲ့ အမျိုးသား ၄ဦးကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသား ၄ ဦးအနက် ၂ ဦးက ပြောက်ကျားယူနီဖောင်းဝတ် လျှာထိုးဦးထုပ်ဆောင်း ထားပြီး သေနတ်အတိုကိုယ်စီကိုင်ဆောင်ထားကြပါတယ်။ သူတို့ ၂ဦးဟာ စစ်ကောင်စီက ပြည်သူ့စစ်တွေကိုချထား ပေးတဲ့ အစိမ်းရင့်ရောင် ပျောက်ကြားယူနီ ဖောင်းကိုဝတ်ဆင်ထားပြီး လက်နက်အတို တွေ‌‌ကိုင်ဆောင်ထားတာကိုCCTV(လုံခြုံရေးကင်မရာ)မှာတွေ့မြင်ရပါတယ်။

“ဒီဦးထုပ်နဲ့ ယူနီဖောင်းက မန္တလေးမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေကိုချ ပေးထားတာ။လက်နက်အတိုရောပဲ။နယ်မြေကလည်း အောင်ပင်လယ်ကလည်း ဒီကောင် တွေစိုးမိုးနယ် မြေပဲ‌။ဒီ ကောင် တွေပဲဖြစ်မှာပေါ့ “လို့မြို့ခံတဦးကပြောပါတယ်။

ဓါးပြတိုက်ခံရချိန်မှာ ဆိုင်အတွင်းအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦးရှိ​နေပါတယ်။​ပြောက်ကျားဝတ်စုံဝတ်ထားသူ ၂ ဦးက အမျိုးသား ၂ ဦးရဲ့ဦး​ခေါင်း​တွေကို ​သေနတ်နဲ့ ချိန်ပြီးဓါးပြတိုက်ခဲ့တာပါ။

ကျန်အမျိုးသား ၂ ဦးက​တော့ ဆိုင်​ကောင်တာက​ရွှေထည်​တွေကိုယူ​ဆောင်သွားကြတာ ​တွေ့ရပါတယ်။​ရွှေချိန် ၂၃ ကျပ်သားဓါးပြတိုက်ခံလိုက်ရတယ်လို့စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်​တွေမှာ​ရေးသားထားပါတယ်။

လက်ရှိအချိန်အထိတော့ တရားခံ တွေဖမ်းဆီးနိုင်ခြင်းမရှိ သေးဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

ဆောင်းပါး

ပူပြင်းလှတဲ့မန္တလေးရဲနေ့လယ်ခင်းရာသီဥတုအောက်မှာ ကွင်းပြင်ကျယ်ကြီးထဲက အပြိုအပျက် အုတ်တွေ၊ အင်္ဂတေပုံကြီးကြားထဲမှာ လူတွေ လသာနေတဲ့အလား ပြေးလွှားနေကြတယ်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

Facebook