Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးအပြီး စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၀ ကျော် သေဆုံး

အာဏာသိမ်းစစ်ကောင်စီက မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်ပြီးနောက် ပြည်သူများ ပစ်မှတ်ထားသည့် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်သူလူထု ရာချီသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

ဧပြီ ၁၉ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Min Khant Kyaw

ဧပြီ ၂၉၊၂၀၂၅။သက်ဝေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်ပြီးနောက် ပြည်သူများ ပစ်မှတ်ထားသည့် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်သူလူထု ရာချီသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

ယနေ့(ဧပြီ ၂၉ရက်)တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားသည့် အစီအစဉ်တွင် စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်ခဲ့ရမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

” အကြမ်းဖက်စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ဟာ BIMSTEC အစည်းအဝေးမတက်ခင်လေးတင် အသံကောင်းဟစ်ချင်လို့ အပစ်အခတ်ရပ်စဲတယ်ဆိုပြီး ကြေညာတယ်။ တချိန်ထဲမှာ အပစ်မဲ့အရပ်သား တွေကို လေကြောင်းကတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဆက်လက်ပြုလုပ်နေပြီး ငလျင်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အပေါ်မှာ ရက်ရက်စက်စက် ကျူးလွန်နေတာကို တွေ့ရှိနေရပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

Public Service Announcement

Public Service Announcement

NUG၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ စောင့်ကြည့်လေ့လာမှုမှတ်တမ်းများအရ မတ်လ ၂၈ရက် ငလျင်ဖြစ်ပွားပြီးချိန်ကစပြီး ဧပြီ ၂၃ရက်အထိ ငလျင်ဒဏ်ခံဒေသတွေအပါအဝင် နိုင်ငံအနှံ့အပြားကို စစ်ကောင်စီကလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပေါင်း (၁၉၆)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှုပေါင်း (၆၄) ကြိမ်ပြုလုပ်ခဲ့ဟု ဦးကျော်ဇောက ပြောသည်။

ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ယင်းကာလအတွင်း အရပ်သား ၂၃၅ ဦးသေဆုံးကာ ၄၂၇ဦး ဒဏ်ရာရရှိခဲ့ဟု ပြောသည်။

“နိုင်ငံတကာ၊ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်တွေကနေ အမြတ်ထုတ်မှုတွေကို သတိထား စောင့်ကြည့်ကြဖို့ကို တိုက်တွန်း ပြောကြားလိုပါတယ်”ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

စစ်ကောင်စီက ငလျင်အကြောင်းပြ အပစ်ရပ်မည်ဟုကြေညာခဲ့သော်လည်း ငလျင်ဘေးဒဏ်ခံရပြီး ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သော သပိတ်ကျင်း ၊ စဉ့်ကူးမြို့နယ်များကိုလည်း လေကြောင်းမှ အပြင်းအထိန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်တစ်ခုတည်းပင် ဧပြီလအတွင်း ပြည်သူ ၄၂ဦးထက်မနည်း သေဆုံးကာ ၄၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဟု သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် သပိတ်ကျင်းမြို့အပါအဝင် ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များအနက် ယခုဧပြီလအတွင်း တိုက်ခိုက်မှုသည် အကြိမ်ရေအများဆုံး အပြင်းထန်ဆုံးဖြစ်ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။