Connect with us

Hi, what are you looking for?

သတင်း

ငဖဲတွင် လမ်းလုံခြုံရေးယူနေသော စစ်သားများ တိုက်ခိုက်ခံရ

စစ်သား ၉ ဦးသေ၊ ​တော်လှန်​ရေးတပ်ကသေနတ် ၉ လက်နှင့် ခဲယမ်းများ​ရ

CDF-Asho တပ်ဖွဲ့ဝင်များကသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDF-Asho

မေ-၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းဖြစ်သော ပဇီရွာဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်သားများ လမ်းလုံခြုံရေးယူရန်ထွက်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၃၀ ရက်)နံနက် ၈ နာရီခန့်ကငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှ လမ်းလုံခြုံရေးယူရန်လာသော အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဟု၎င်းတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦး ပွဲချင်းပြီးသေဆုံး၍ MA အမျိုးအစားသေနတ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းများအပါ အဝင် လက်နက်ကြီးကျည်များလည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho)က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအခြေအနေအပြည့်အစုံအား သိရှိနိုင်ရန် လူထုနွေဦးက အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho)ထံ ဆက်သွယ်ခဲ့သော်လည်း ခရီး သွားနေသည်ဖြစ်၍ နောက်မှသာဖြေကြားပေးနိုင်မည်ဟု အကြောင်းပြန်ကြားခဲ့သည်။

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းဖြစ်သောပဇီရွာဘုန်းကြီးကျောင်း၌ စစ်ကောင်စီ ကပစ များဖြစ်သော ကပစ(၂)၊ (၁၀)၊ (၁၃)နှင့် (၁၄)တို့အပြင် တပ်မ (၉၉)တပ်များအပါအဝင် အင်အား ၁၃၀ ခန့် အထိုင်ချတပ်စွဲထားခြင်းဟု CDF-Asho က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။