Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြောက်ခြမ်းရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်၂ဦးသေဆုံး၊ ​လေ​ကြောင်းကတိုက်ခိုက်လို့ပြည်သူ၃ဦးဒဏ်ရာရ

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​​နေတဲ့စစ်သား​တွေ (ပုံအ​ဟောင်း)ဓါတ်ပုံ-မြဝတီ

​မေ-၁၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မေလ ၁ ရက် မနက်၉နာရီလောက်မှာ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာရှိတဲ့စားကျက်ကျေးရွာကစစ်အုပ်စုဟာ လက်နက်ကြီးတွေနဲ့ မြောက်ဘက်က ကျေးရွာတွေဘက်ကိုပစ်ခတ်ခဲ့တာလို့သိရပါတယ်။

အဲဒီလက်နက်ကြီးဟာ စားကျက်ရွာရဲ့ အရှေ့မြောက်ဘက် ကားလမ်းအနီးမှာရှိတဲ့ ရွာသာ‌ယာရွာထဲကိုကျပြီး အသက် ၈နှစ်နဲ့ ၉နှစ်အရွယ်ကလေး ၂ဦးထိမှန် သေဆုံးခဲ့တာလို့​ဒေသခံတချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အစထိပြီး သေဆုံးတာလို့သိရတယ်ဗျ။အဲဒီဘက်က ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပျက်နေတော့ ဆက်သွယ်ရခက်နေတယ်။တခြားအချက်အလက်တော့မရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ​မေလ ၁ ရက်​​​နေ့ နေ့လည်၁၂နာရီ ကျော်မှာလည်းစစ်ကိုင်းမြို့နယ်မြောက်ခြမ်းကတလိုင်းရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။

ဧပြီ ၂၉ ရက်​နေ့ကလည်း ည​နေ ၅ နာရီခွဲက​နေ ညပိုင်း ၇ နာရီ​ကျော်အထိ စစ်ကိုင်းတက္ကသိုလ်ထဲတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် အရပ်မျက်နှာအစုံသို့ အကြိမ်​ရေများစွာပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံတချို့က​ပြောပါတယ် ။စစ်တပ်က စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၄ နှစ်ကုန်ပိုင်းမှတပ်စွဲထားခြင်းဖြစ်ပါတယ် ။

ဧပြီလ၂၅ရက်နေ့က စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ၃၃စစ်ကြောင်း တစ်​ကြောင်းလုံးပျက်​အောင် PDF ​တွေကတိုက်ခိုက်ခဲ့ပါတယ် ။ အဲဒီစစ်​ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကိုင်းမြို့နယ်​မြောက်ပိုင်းကို စစ်တပ်က နေ့စဉ် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာလို့ ​​ဒေသတွင်းစစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။

ဒါ​ကြောင့် စစ်တပ်ဟာ ဧပြီ ၂၅ ရက်​နေ့ကစစ်​ကြောင်းပြုတ်​အောင်တိုက်ခိုက်ခံရပြီး​နောက်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာ ၊​လေ​ကြောင်းက​နေတိုက်ခိုက်တာ​တွေကိုဆက်တိုက်လုပ်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။