Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြောက်ခြမ်းရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်၂ဦးသေဆုံး၊ ​လေ​ကြောင်းကတိုက်ခိုက်လို့ပြည်သူ၃ဦးဒဏ်ရာရ

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

လက်နက်ကြီးပစ်ခတ်​လေ့ကျင့်​​နေတဲ့စစ်သား​တွေ (ပုံအ​ဟောင်း)ဓါတ်ပုံ-မြဝတီ

​မေ-၁၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မေလ ၁ ရက် မနက်၉နာရီလောက်မှာ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာရှိတဲ့စားကျက်ကျေးရွာကစစ်အုပ်စုဟာ လက်နက်ကြီးတွေနဲ့ မြောက်ဘက်က ကျေးရွာတွေဘက်ကိုပစ်ခတ်ခဲ့တာလို့သိရပါတယ်။

အဲဒီလက်နက်ကြီးဟာ စားကျက်ရွာရဲ့ အရှေ့မြောက်ဘက် ကားလမ်းအနီးမှာရှိတဲ့ ရွာသာ‌ယာရွာထဲကိုကျပြီး အသက် ၈နှစ်နဲ့ ၉နှစ်အရွယ်ကလေး ၂ဦးထိမှန် သေဆုံးခဲ့တာလို့​ဒေသခံတချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အစထိပြီး သေဆုံးတာလို့သိရတယ်ဗျ။အဲဒီဘက်က ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပျက်နေတော့ ဆက်သွယ်ရခက်နေတယ်။တခြားအချက်အလက်တော့မရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ​မေလ ၁ ရက်​​​နေ့ နေ့လည်၁၂နာရီ ကျော်မှာလည်းစစ်ကိုင်းမြို့နယ်မြောက်ခြမ်းကတလိုင်းရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့​ဒေသခံတချို့က​ပြောပါတယ်။

ဧပြီ ၂၉ ရက်​နေ့ကလည်း ည​နေ ၅ နာရီခွဲက​နေ ညပိုင်း ၇ နာရီ​ကျော်အထိ စစ်ကိုင်းတက္ကသိုလ်ထဲတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် အရပ်မျက်နှာအစုံသို့ အကြိမ်​ရေများစွာပစ်ခတ်ခဲ့တယ်လို့ ​ဒေသခံတချို့က​ပြောပါတယ် ။စစ်တပ်က စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၄ နှစ်ကုန်ပိုင်းမှတပ်စွဲထားခြင်းဖြစ်ပါတယ် ။

ဧပြီလ၂၅ရက်နေ့က စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ၃၃စစ်ကြောင်း တစ်​ကြောင်းလုံးပျက်​အောင် PDF ​တွေကတိုက်ခိုက်ခဲ့ပါတယ် ။ အဲဒီစစ်​ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကိုင်းမြို့နယ်​မြောက်ပိုင်းကို စစ်တပ်က နေ့စဉ် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာလို့ ​​ဒေသတွင်းစစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ်။

ဒါ​ကြောင့် စစ်တပ်ဟာ ဧပြီ ၂၅ ရက်​နေ့ကစစ်​ကြောင်းပြုတ်​အောင်တိုက်ခိုက်ခံရပြီး​နောက်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်တာ ၊​လေ​ကြောင်းက​နေတိုက်ခိုက်တာ​တွေကိုဆက်တိုက်လုပ်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

Facebook