Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမှာ ကင်းပတ်သည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေနတ် ၂လက် အသိမ်းခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်တဦးအပါအဝင် ၃ဦး သေဆုံးပြီး သေနတ် ၂လက်သိမ်းဆည်းခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သိမ်းဆည်းရမိသော သေနတ် ၂ လက်အား တွေ့ရစဥ်။ ဓာတ်ပုံ − MBT

မေ ၁၊၂၀၂၅။ဇေအောင်၊ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ ကင်းပတ်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်တဦးအပါအဝင် ၃ဦး သေဆုံးပြီး သေနတ် ၂လက်သိမ်းဆည်းခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မနေ့က ဧပြီ ၃၀ရက် ည ၈နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်တစ်ဦးနဲ့ ပျူစောထီးနှစ်ဦး သေဆုံးကာ G3 သေနတ် (၂)လက်နဲ့ ကျည် ၁၈တောင့်ရရှိခဲ့တယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“သေနတ်က တကယ်တမ်း ၃လက်ရရမှာ။ သေနတ်က ဘယ်လိုမှကောက်မရတော့လို့။ မြို့ထဲဆိုတော့ ပြန်ပစ်တာတွေလည်းရှိတော့”လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြို့ပေါ်မှာ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ သိရပါတယ်။

“ဆီမီးခုံမြို့ တံတားကြီးရှေ့ထိပ်နားမှာ ဖြစ်တာ။ဖြစ်စဉ်အပြီး စခ၊ ရခ၊ ပျူတွေ မြို့ထဲမှာ သေနတ်တွေ ပစ်ဖောက်သေးတယ်။ဒီမနက်မှ သေတဲ့သူတွေကို လာသယ်သွားတာ”လို့ ဆီမီးခုံမြိုခံသတင်းရင်းမြစ်က ယမန်နေ့ည ပစ်ခတ်မှု ဖြစ်စဥ်ကိုအပေါ် ပြောပါတယ်။

MBTတပ်ဖွဲ့ဟာ မြို့တွင်းစစ်ဆင်ရေးတွေဖော်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့နီးရာတွေမှာ သွားလာတာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း ဆီမီးခုံမြို့ပေါ်က စစ်ဆေးရေးဂိတ်တွေ၊ ကင်းပတ်စစ်အုပ်စုတွေကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

Facebook