Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ်၌ တိုက်ခန်းတွင်း မီးစက်နှိုးအိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ သေဆုံး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသည့်ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ − Taurus Tin/FB

မေ ၁၊၂၀၂၅/ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့အမေက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း က ဖုန်းဆက်တာ မကိုင်လို့ ။ ဒီနေ့ရောက်လာချိန်မှာမှသေဆုံးတာကို သိရတာ”ဟု စမ်းချောင်းမြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ၊ အသက် ၂၅ နှစ် နှင့် ၁၆ နှစ်အရွယ်အမျိုးသမီး နှစ်ဦး နှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး မေလ ၁ ရက်တွင် နေအိမ်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/574946365107497

“သေဆုံးတာတော့ လေး ၊ ငါးရက်လောက်ရှိနေပြီ။အနံ့‌တွေတော်တော်ထွက်နေပြီ။ အလောင်းတွေကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူများသည် နေအိမ်တံခါးများကို အလုံပိတ်၍ မီးစက်နှိုးကာ အဲကွန်းဖွင့်အိပ်သောကြောင့် မီးစက်မီးခိုးကို ရှုမိ၍ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“သိတဲ့အချိန်မှာ လှုပ်လို့မရတော့ဘူးထင်ပါတယ်။ ကလေးအပေါ်မှာ အဖေက ထပ်ရက်ကြီး ကုန်းထရင်း သေဆုံးနေရတာပါ”ဟု ယင်းနေရာအနီးတွင်နေထိုင်သူတစ်ဦးက ပြောသည်။

နေအိမ်အတွင်း၌ မီးစက်အသုံးပြုခြင်းသည် အဆိပ်သင့်နိုင်သောကြောင့် မပြုလုပ်သင့်ကြောင်း ဆရာဝန်တစ်ဦးက အကြံပြုထားသည်။

“တံခါးဖွင့်အိပ်တော့လည်းသူခိုးကတက်၊လူမိတော့၄လွှာကခုန်ချလို့သေ၊စမ်းချောင်းမှာ၊အခုမီးစက်အိမ်ထဲထားဖွင့်အိပ်တာမီးစက်ကအခိုးအငွေ့ရှူရင်းသေပြန်ပြီစိတ်မကောင်းစရာတွေကြားနေရတယ်” ဟု စမ်းချောင်းမြို့တွင်နေထိုင်သူတစ်ဦးက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

Facebook