Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို ကို ရှင်းလင်းရာမှာ ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိ

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

Myanmar Fire Services Department

မေ – ၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

ကွန်ဒို ရဲ့ အဆောက်အဦး C အဆောင် နဲ့ D အဆောင်တွေကို စက်ယန္တယားတွေရဲ့ ရှင်းလင်းချိန် ဒီမနက်ပိုင်းက အမျိုးသမီး ရုပ်အလောင်းနဲ့ ညနေပိုင်းမှာ အမျိုးသား ရုပ်အလောင်းကိုထပ်မံ ရှာဖွေတွေ့ရှိတာပါ။

အမျိုးသမီးရုပ်အလောင်းက ရွှေနားကပ်နဲ့ ရွှေလက်ကောက်တို့ကို သေဆုံးသူရဲ့အမျိုးသားထံ အပ်နှံပေးခဲ့တယ်လို့လည်းမီးသတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Sky Vill ကွန်ဒို ပြိုကျမှုမှာ ဒီနေ့အထိ မီးသတ်ရဲ့စာရင်းအရ ရုပ်အလောင်း ၁၃၀ ထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။

သေဆုံးသူ ၁၃၀ ဦးမှာ အမျိုးသား ၄၃ ဦး ၊ အမျိုးသမီး ၆၆ ဦး ၊ ကလေး ၁၂ ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး ဖြစ်တယ်လို့သိရပါတယ်။

ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကလည်း ခန့်မှန်းထားကြပါတယ်။

” တဆင့်ချင်းဖယ်ရှားရှင်းလင်းရေးလုပ်နေတာ၊ မီးခံသေတ္တာကစလို့ တန်ဖိုးကြီးပစ္စည်းတွေဆက်တိုက်တွေ့လာတယ် “လို့ Sky Villa ကွန်ဒိုရှင်းလင်းရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

လက်ဝတ်ရတနာတွေ ၊ ကျောက်စိမ်းတွေ ၊ ငွေသားတွေ ၊အရေးကြီးစာရွက်စာတမ်းတွေ တွေ့ရ ပြီး သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေးနေတယ်လို့ မီးသတ်က ဓာတ်ပုံတွေနဲ့ဖော်ပြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Facebook