Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဗုံးကြဲခဲ့​သော ​ရေထွက်နှင့် လိပ်ကျရွာမှပြည်သူများကို မန္တ​လေးPDF​တွေ့ဆုံ​ထောက်ပံ့​ကြေး​ပေး

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

​မေ-၁၊၂၀၂၅။People’s Spring

စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲအကြမ်းဖက်မှု​ကြောင့် ထိခိုက်နစ်နာခဲ့ရသော သပိတ်ကျင်းမြို့နယ် ​ရေထွက်​ကျေးရွာနှင့် လိပ်ကျကျေးရွာတို့ရှိ အိမ်ထောင်စုများအားပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(မန္တ​လေးPDF)က ဧပြီလ(၂၇)ရက်နေ့တွင်တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

စစ်​ကောင်စီတပ်က ဧပြီလ တတိယပါတ်တွင် လေကြောင်းမှ ဗုံးကြဲ​သောကြောင့် မန္တ​လေးတိုင်း၊သိပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့မှ ​ဒေသခံပြည်သူ (၅၀)ဦး ဝန်းကျင် ​သေဆုံးခဲ့ပြီး (၈၀)ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းမန္တ​လေးPDF ကထုတ်ပြန်သည်။ထို့အပြင် ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဧပြီ ၁၈ ရက်​နေ့တွင် လိပ်ကျရွာထဲသို့ စစ်​ကောင်စီတပ်ကဗုံးကြဲခဲ့ရာ ကနဦးရရှိ​သောသတင်းများအရပြည်သူ ၁၃ ဦး​သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦးအပါအဝင် ​ဒေသခံပြည်သူ အများအပြားဒဏ်ရာရခဲ့သည်။ ထို​နောက် ဧပြီ ၁၉ ရက်​​နေ့တွင်ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်အနီးသို့ စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးကြဲချခဲ့ရာ ပြည်သူ၃၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​​ကြောင်း NUGကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါနှစ်ရွာတွင် ဒဏ်ရာရသူများထဲမှထပ်မံ​သေဆုံးသူအပါအဝင် ​သေဆုံးသူအ​ရေအတွက်တိုးလာပြီး ၅၀ ဦးဝန်းကျသ်ထိတိုးလာခြင်းဖြစ်သည်။

သပိတ်ကျင်းမြို့နယ်ကို ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်း နှင့် အတူ ဆင်နွှဲခဲ့​သော ရှမ်းမန်းစစ်ဆင်​ရေးတွင် PDF များကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။